တ​ရား​ဟော 33:1-14 Common Language Bible (BCL)

1. ဘု​ရား​သ​ခင်​ရွေး​ကောက်​သူ​မော​ရှေ​သည်​အ​နိစ္စ မ​ရောက်​မီ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အောက်​ဖော်​ပြ​ပါ​အ​တိုင်း​ကောင်း​ချီး​ပေး လေ​၏။

2. ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တောင်​ပေါ်​မှ ကြွ​လာ​တော်​မူ​၏။ကိုယ်​တော်​သည်​နေ​မင်း​သ​ဖွယ်​ဧ​ဒုံ​ပြည်​ပေါ်​သို့ ထွက်​ပေါ်​လာ​ပြီး​လျှင်၊ပါ​ရန်​တောင်​ထိပ်​ပေါ်​မှ​မိ​မိ​လူ​မျိုး​တော်​ပေါ်​သို့ ထွန်း​တောက်​တော်​မူ​၏။ကိုယ်​တော်​၏​လက်​ယာ​တော်​ဘက်​တွင် ထောင်​သောင်း​မ​က​များ​စွာ​သောကောင်း​ကင်​တ​မန်​တို့​သည်​လိုက်​ပါ​လျက် မီး​လျှံ​တောက်​နေ​၏။

3. ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​လူ​မျိုး​တော်​ကို ချစ်​တော်​မူ​၏။မိ​မိ​ပိုင်​ဆိုင်​သူ​တို့​ကို​ကာ​ကွယ် စောင့်​ရှောက်​တော်​မူ​၏။သို့​ဖြစ်​၍​ငါ​တို့​သည်​ကိုယ်​တော်​၏​ခြေ​တော် ကိုဦး​တိုက်​လျက်​ပ​ညတ်​တော်​များ​ကို​စောင့်​ထိန်း ကြ​၏။

4. အ​ကျွန်ုပ်​တို့​သည်​မော​ရှေ​ပေး​သော​ပ​ညတ် တ​ရား​တော်​ကို​စောင့်​ထိန်း​ကြ​၏။ယင်း​ပ​ညတ်​တ​ရား​တော်​ကား​ငါ​တို့​လူ​မျိုး​၏ အ​မြတ်​နိုး​ဆုံး​သော​အ​မွေ​ဥစ္စာ​ဖြစ်​၏။

5. ဣ​သ​ရေ​လ​အ​နွယ်​များ​နှင့်​ခေါင်း​ဆောင်​များ စု​ရုံး​လျက်​ရှိ​ကြ​သော​အ​ခါ၊ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ဘု​ရင်​ဖြစ် လာ​တော်​မူ​၏။

6. ထို့​နောက်​မော​ရှေ​က​ရု​ဗင်​အ​နွယ်​ကို ရည်​သန်​၍ ဤ​သို့​ဖွဲ့​ဆို​လေ​သည်။``ရု​ဗင်​အ​နွယ်​သည်​လူ​အင်​အား​နည်း​သော်​လည်း အ​မျိုး​မ​တိမ်​ကော​ပါ​စေ​နှင့်၊''

7. ယု​ဒ​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့​ဆို​လေ သည်။``အို ထာ​ဝရ​ဘု​ရား​ယု​ဒ​အ​နွယ်​ဝင်​တို့​အ​ကူ အ​ညီ တောင်း​လျှောက်​သံ​ကို​နား​ညောင်း​တော်​မူ​ပါ။အ​ခြား​အ​နွယ်​ဝင်​များ​နှင့်​ပြန်​လည် ပေါင်း​စည်း​မိ​စေ​တော်​မူ​ပါ။အို ထာ​ဝရ​ဘု​ရား၊သူ​တို့​အ​တွက်​တိုက်​ခိုက် တော်​မူ​ပါ။သူ​တို့​ဘက်​မှ​ရန်​သူ​များ​ကို​တိုက်​ခိုက်​တော် မူ​ပါ။''

8. လေ​ဝိ​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့​ဆို​လေ​သည်။``အို ထာ​ဝရ​ဘု​ရား​ကိုယ်​တော်​၏​အ​လို​တော်​ကိုကိုယ်​တော်​အား​သစ္စာ​စောင့်​သော​အ​စေ​ခံ လေ​ဝိ​အ​နွယ်​ဝင်​တို့​မှ​တစ်​ဆင့်သု​မိမ်​နှင့်​ဥ​ရိမ် အား​ဖြင့်​ဖော်​ပြ​တော်​မူ​ပါ​၏။ကိုယ်​တော်​သည်​မ​ဿာ​အ​ရပ်​တွင်​သူ​တို့​၌ သစ္စာ​ရှိ​သည်​မ​ရှိ​သည်​ကို​စစ်​ဆေး​၍မေ​ရိ​ဘ​စမ်း​၌​သူ​တို့​သစ္စာ​ရှိ​သည်​ကို သိ​မြင်​တော်​မူ​ပါ​သည်။

9. သူ​တို့​သည်​မိ​မိ​တို့​၏​မိ​ဘ​ညီ​အစ်​ကို၊ သား​သ​မီး​တို့​ကိုချစ်​ခင်​မြတ်​နိုး​သည်​ထက်၊​ကိုယ်​တော်​ကို ပို​၍​ချစ်​ခင်​မြတ်​နိုး​ကြ​ပါ​၏။သူ​တို့​သည်​ကိုယ်​တော်​၏​ပ​ညတ်​တော်​များ​ကိုလိုက်​နာ​၍​ကိုယ်​တော်​၏​ပ​ဋိ​ညာဉ်​ကို စောင့်​ထိန်း​ကြ​ပါ​၏။

10. သူ​တို့​သည်​ကိုယ်​တော်​၏​လူ​မျိုး​တော်​အားပ​ညတ်​တ​ရား​တော်​ကို​လိုက်​နာ​ရန် သွန်​သင်​ကြ​ပါ​မည်။ပလ္လင်​ပေါ်​တွင်​ယဇ်​ပူ​ဇော်​ကြ​ပါ​မည်။

11. အို ထာ​ဝရ​ဘု​ရား​သူ​တို့​၏​အ​နွယ်​ကို ကြီး​ပွား​စေ​တော်​မူ​ပါ။သူ​တို့​ဆောင်​ရွက်​သ​မျှ​ကို​လက်​ခံ​တော် မူ​ပါ။သူ​တို့​၏​ရန်​သူ​ရှိ​သ​မျှ​ကို​နာ​လန်​မ​ထူ နိုင်​အောင် ချေ​မှုန်း​တော်​မူ​ပါ။''

12. ဗင်္ယာ​မိန်​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့​ဆို​လေ သည်။``ဗင်္ယာ​မိန်​အ​နွယ်​ကို​ထာ​ဝရ​ဘု​ရား​ချစ်​၍ ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။ကိုယ်​တော်​သည်​သူ​တို့​အား​တစ်​နေ​ကုန် စောင့်​ရှောက်​တော်​မူ​၏။သူ​တို့​သည်​ကိုယ်​တော်​၏​အ​ကာ​အ​ကွယ် အောက်​တွင်​လုံ​ခြုံ​စွာ​နေ​ကြ​ရ​၏။''

13. ယော​သပ်​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့ ဆို​လေ​သည်။``ထာ​ဝရ​ဘု​ရား​သည်​သူ​တို့​၏​နယ်​မြေ​ပေါ်​တွင် မိုး​ရွာ​စေ​ရန်​လည်း​ကောင်း၊မြေ​အောက်​မှ​ရေ​ထွက်​စေ​ရန်​လည်း​ကောင်း ကူ​မ​တော်​မူ​ပါ​စေ​သော။

14. သူ​တို့​၏​နယ်​မြေ​သည်​နေ​ပူ​ရှိန်​ဖြင့်​မှည့်​သော သစ်​သီး၊ရာ​သီ​အ​လိုက်​ပေါ်​သော​အ​ဖိုး​တန်​သစ်​သီး တို့​နှင့် ကြွယ်​ဝ​ပါ​စေ​သော။

တ​ရား​ဟော 33