တ​ရား​ဟော 32:36-49 Common Language Bible (BCL)

36. ထာ​ဝရ​ဘု​ရား​သည်​မိ​မိ​လူ​မျိုး​တော်​၏ အင်​အား​ကုန်​သည့်​အ​ဖြစ်​ကို​မြင်​ရ​သော အ​ခါသူ​တို့​အား​ကယ်​တင်​တော်​မူ​လိမ့်​မည်။ကိုယ်​တော်​ရှင်​ကို​ဆည်း​ကပ်​ကိုး​ကွယ်​သူ​တို့ ခို​ကိုး​ရာ​မဲ့​သည့်​အ​ဖြစ်​ကို​မြင်​တော်​မူ​သော အ​ခါသူ​တို့​အား​က​ရု​ဏာ​ပြ​တော်​မူ​လိမ့်​မည်။

37. ထို​အ​ခါ​ထာ​ဝရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး တော်​အား`သင်​တို့​ယုံ​ကြည်​ကိုး​စား​ရာ၊တန်​ခိုး​ကြီး​သော ဘု​ရား​များ​အ​ဘယ်​မှာ​ရှိ​သ​နည်း။

38. သင်​တို့​သည်​ထို​ဘု​ရား​များ​အား​ယဇ်​ကောင် မှ​အ​ဆီ အ​ဥ​နှင့်​စ​ပျစ်​ရည်​ကို​ပူ​ဇော်​ဆက်​သ​ခဲ့​ကြ​ပြီ။ထို​ဘု​ရား​များ​သည်​ယ​ခု​ကြွ​လာ​၍​သင်​တို့ အား ကူ​မ​ပါ​လေ​စေ။အ​မြန်​ကြွ​လာ​၍​ကယ်​တင်​ပါ​လေ​စေ။

39. `` `ငါ​တစ်​ဆူ​တည်း​သာ​လျှင်​ဘု​ရား​ဖြစ် တော်​မူ​၏။ငါ​သာ​လျှင်​စစ်​မှန်​သော​ဘု​ရား​ဖြစ်​၏။ငါ​သည်​အ​သက်​ကို​ရုပ်​သိမ်း​ပိုင်​၏။အ​သက်​ကို​ပေး​ပိုင်​၏။ငါ​သည်​ဒဏ်​ရာ​ရ​စေ​နိုင်​၏။ဒဏ်​ရာ​ကို​ပျောက်​ကင်း​စေ​နိုင်​၏။

40. ငါ​သည်​နိစ္စ​ထာ​ဝ​ရ​အ​သက်​ရှင်​တော်​မူ သည့်​အ​တိုင်းငါ​သည်​ကောင်း​ကင်​သို့​လက်​ကို​မြှောက်​၍ ကျိန်​ဆို​၏။

41. ငါ​သည်​ပြောင်​လက်​သော​ဋ္ဌား​ကို​သွေး​၍ တ​ရား​မျှ​တ​စွာ​စီ​ရင်​မည်။ငါ​၏​ရန်​သူ​တို့​ကို​လက်​စား​ချေ​၍​ငါ့​အား မုန်း​သူ​တို့​ကို​ဒဏ်​စီ​ရင်​မည်။

42. ငါ​၏​မြား​များ​တွင်​သူ​တို့​၏​သွေး​စက်​စီး ကျ​လိမ့်​မည်။ငါ​၏​သန်​လျက်​သည်​ငါ့​အား​ဆန့်​ကျင်​သူ ရှိ​သ​မျှ​တို့​ကို​သုတ်​သင်​လိမ့်​မည်။ငါ့​ကို​ရန်​ဖက်​ပြု​သူ​တို့​အား​တစ်​ယောက်​မ​ကျန် အ​ဆုံး​စီ​ရင်​မည်။ဒဏ်​ရာ​ရ​သူ​နှင့်​သုံ့​ပန်း​များ​ပင်​လျှင် သေ​ဆုံး​ရ​လိမ့်​မည်။'

43. ``တိုင်း​နိုင်​ငံ​တို့၊ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး တော်​ကို ချီး​ကူး​ကြ​လော့။ကိုယ်​တော်​သည်​မိ​မိ​လူ​မျိုး​တော်​ကို​သတ်​သူ ရှိ​သ​မျှ​တို့​အား​ဒဏ်​ခတ်​တော်​မူ​မည်။ကိုယ်​တော်​၏​ရန်​သူ​တို့​ကို​လက်​စား​ချေ​မည်။မိ​မိ​လူ​မျိုး​တော်​၏​အ​ပြစ်​များ​ကို​လွှတ်​တော် မူ​မည်။''

44. မော​ရှေ​နှင့်​နုန်​၏​သား​ယော​ရှု​တို့​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ကြား​နိုင်​လောက်​အောင် ဤ​သီ​ချင်း​ကို​ရွတ်​ဆို​ကြ​လေ​သည်။

45. မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​အား ဘု​ရား​သ​ခင်​၏​မိန့်​မှာ​ချက်​များ​ကို ဆင့်​ဆို​ပြီး​နောက်​ဆက်​လက်​၍၊-

46. ``သင်​တို့​အား​ငါ​ယ​နေ့​ပေး​သ​မျှ​သော​ပညတ် တို့​ကို​စောင့်​ထိန်း​ကြ​လော့။ သင်​တို့​၏​သား​သ​မီး တို့​သည်​လည်း ဘု​ရား​သ​ခင်​၏​ပ​ညတ်​ရှိ​သ​မျှ ကို တစ်​သ​ဝေ​မ​တိမ်း​လိုက်​လျှောက်​စေ​ရန်​သွန် သင်​လော့။-

47. ဤ​ပညတ်​များ​သည်​အကျိုး​မဲ့​ဖြစ်​သည်​မ​ဟုတ်။ သင်​တို့​အ​သက်​ရှင်​ရာ​ရှင်​ကြောင်း​ဖြစ်​၏။ သင် တို့​သည်​ဤ​ပညတ်​တို့​ကို​စောင့်​ထိန်း​လျှင်​ယော်​ဒန် မြစ်​တစ်​ဖက်​ရှိ​သင်​တို့​ဝင်​ရောက်​မည့်​ပြည်​တွင် ကြာ​ရှည်​စွာ​နေ​ထိုင်​ရ​ကြ​လိမ့်​မည်'' ဟု​မှာ ကြား​လေ​သည်။

48. ထို​နေ့​၌​ပင်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-

49. ``ယေ​ရိ​ခေါ​မြို့​တစ်​ဘက်​မော​ဘ​ပြည်​ရှိ​အာ​ဗ ရိမ်​တောင်​တန်း​သို့​သွား​၍ နေ​ဗော​တောင်​ထိပ်​ပေါ် သို့​တက်​လော့။ ထို​တောင်​ထိပ်​ပေါ်​မှ​နေ​၍ ဣ​သ​ရေ လ​အ​မျိုး​သား​တို့​အား ငါ​ပေး​မည့်​ခါနာန်​ပြည် ကို​မြော်​ကြည့်​လော့။-

တ​ရား​ဟော 32