တ​ရား​ဟော 32:33-43 Common Language Bible (BCL)

33. မြွေ​အ​ဆိပ်​တောက်​သော​စ​ပျစ်​ရည် ကဲ့​သို့​လည်း​ကောင်း​ဖြစ်​ကြ​၏။

34. ``ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ရန်​သူ​များ ပြု​လုပ်​သ​မျှ​ကို​သိ​မြင်​တော်​မူ​သ​ဖြင့်၊သူ​တို့​အား​ဒဏ်​ခတ်​ရန်​အ​ချိန်​ကို​စောင့်​ဆိုင်း နေ​တော်​မူ​၏။

35. ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​တို့​အား​ဒဏ်​ခတ်​၍ လက်​စား​ချေ​တော်​မူ​မည်။သူ​တို့​ရှုံး​နိမ့်​ရ​သော​အ​ချိန်​ရောက်​လိမ့်​မည်။သူ​တို့​ပျက်​စီး​ရ​သော​အ​ချိန်​နီး​ပြီ။

36. ထာ​ဝရ​ဘု​ရား​သည်​မိ​မိ​လူ​မျိုး​တော်​၏ အင်​အား​ကုန်​သည့်​အ​ဖြစ်​ကို​မြင်​ရ​သော အ​ခါသူ​တို့​အား​ကယ်​တင်​တော်​မူ​လိမ့်​မည်။ကိုယ်​တော်​ရှင်​ကို​ဆည်း​ကပ်​ကိုး​ကွယ်​သူ​တို့ ခို​ကိုး​ရာ​မဲ့​သည့်​အ​ဖြစ်​ကို​မြင်​တော်​မူ​သော အ​ခါသူ​တို့​အား​က​ရု​ဏာ​ပြ​တော်​မူ​လိမ့်​မည်။

37. ထို​အ​ခါ​ထာ​ဝရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး တော်​အား`သင်​တို့​ယုံ​ကြည်​ကိုး​စား​ရာ၊တန်​ခိုး​ကြီး​သော ဘု​ရား​များ​အ​ဘယ်​မှာ​ရှိ​သ​နည်း။

38. သင်​တို့​သည်​ထို​ဘု​ရား​များ​အား​ယဇ်​ကောင် မှ​အ​ဆီ အ​ဥ​နှင့်​စ​ပျစ်​ရည်​ကို​ပူ​ဇော်​ဆက်​သ​ခဲ့​ကြ​ပြီ။ထို​ဘု​ရား​များ​သည်​ယ​ခု​ကြွ​လာ​၍​သင်​တို့ အား ကူ​မ​ပါ​လေ​စေ။အ​မြန်​ကြွ​လာ​၍​ကယ်​တင်​ပါ​လေ​စေ။

39. `` `ငါ​တစ်​ဆူ​တည်း​သာ​လျှင်​ဘု​ရား​ဖြစ် တော်​မူ​၏။ငါ​သာ​လျှင်​စစ်​မှန်​သော​ဘု​ရား​ဖြစ်​၏။ငါ​သည်​အ​သက်​ကို​ရုပ်​သိမ်း​ပိုင်​၏။အ​သက်​ကို​ပေး​ပိုင်​၏။ငါ​သည်​ဒဏ်​ရာ​ရ​စေ​နိုင်​၏။ဒဏ်​ရာ​ကို​ပျောက်​ကင်း​စေ​နိုင်​၏။

40. ငါ​သည်​နိစ္စ​ထာ​ဝ​ရ​အ​သက်​ရှင်​တော်​မူ သည့်​အ​တိုင်းငါ​သည်​ကောင်း​ကင်​သို့​လက်​ကို​မြှောက်​၍ ကျိန်​ဆို​၏။

41. ငါ​သည်​ပြောင်​လက်​သော​ဋ္ဌား​ကို​သွေး​၍ တ​ရား​မျှ​တ​စွာ​စီ​ရင်​မည်။ငါ​၏​ရန်​သူ​တို့​ကို​လက်​စား​ချေ​၍​ငါ့​အား မုန်း​သူ​တို့​ကို​ဒဏ်​စီ​ရင်​မည်။

42. ငါ​၏​မြား​များ​တွင်​သူ​တို့​၏​သွေး​စက်​စီး ကျ​လိမ့်​မည်။ငါ​၏​သန်​လျက်​သည်​ငါ့​အား​ဆန့်​ကျင်​သူ ရှိ​သ​မျှ​တို့​ကို​သုတ်​သင်​လိမ့်​မည်။ငါ့​ကို​ရန်​ဖက်​ပြု​သူ​တို့​အား​တစ်​ယောက်​မ​ကျန် အ​ဆုံး​စီ​ရင်​မည်။ဒဏ်​ရာ​ရ​သူ​နှင့်​သုံ့​ပန်း​များ​ပင်​လျှင် သေ​ဆုံး​ရ​လိမ့်​မည်။'

43. ``တိုင်း​နိုင်​ငံ​တို့၊ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး တော်​ကို ချီး​ကူး​ကြ​လော့။ကိုယ်​တော်​သည်​မိ​မိ​လူ​မျိုး​တော်​ကို​သတ်​သူ ရှိ​သ​မျှ​တို့​အား​ဒဏ်​ခတ်​တော်​မူ​မည်။ကိုယ်​တော်​၏​ရန်​သူ​တို့​ကို​လက်​စား​ချေ​မည်။မိ​မိ​လူ​မျိုး​တော်​၏​အ​ပြစ်​များ​ကို​လွှတ်​တော် မူ​မည်။''

တ​ရား​ဟော 32