32. သူတို့၏ရန်သူများသည်သောဒုံမြို့သား၊ ဂေါမောရ မြို့သားတို့ကဲ့သို့အကျင့်ပျက်လျက်ခါး၍အဆိပ်တောက်သောစပျစ်သီးကိုသီးသည့် စပျစ်နွယ်ပင်ကဲ့သို့လည်းကောင်း၊
33. မြွေအဆိပ်တောက်သောစပျစ်ရည် ကဲ့သို့လည်းကောင်းဖြစ်ကြ၏။
34. ``ထာဝရဘုရားသည်သူတို့၏ရန်သူများ ပြုလုပ်သမျှကိုသိမြင်တော်မူသဖြင့်၊သူတို့အားဒဏ်ခတ်ရန်အချိန်ကိုစောင့်ဆိုင်း နေတော်မူ၏။
35. ထာဝရဘုရားသည်ရန်သူတို့အားဒဏ်ခတ်၍ လက်စားချေတော်မူမည်။သူတို့ရှုံးနိမ့်ရသောအချိန်ရောက်လိမ့်မည်။သူတို့ပျက်စီးရသောအချိန်နီးပြီ။
36. ထာဝရဘုရားသည်မိမိလူမျိုးတော်၏ အင်အားကုန်သည့်အဖြစ်ကိုမြင်ရသော အခါသူတို့အားကယ်တင်တော်မူလိမ့်မည်။ကိုယ်တော်ရှင်ကိုဆည်းကပ်ကိုးကွယ်သူတို့ ခိုကိုးရာမဲ့သည့်အဖြစ်ကိုမြင်တော်မူသော အခါသူတို့အားကရုဏာပြတော်မူလိမ့်မည်။
37. ထိုအခါထာဝရဘုရားသည်မိမိ၏လူမျိုး တော်အား`သင်တို့ယုံကြည်ကိုးစားရာ၊တန်ခိုးကြီးသော ဘုရားများအဘယ်မှာရှိသနည်း။
38. သင်တို့သည်ထိုဘုရားများအားယဇ်ကောင် မှအဆီ အဥနှင့်စပျစ်ရည်ကိုပူဇော်ဆက်သခဲ့ကြပြီ။ထိုဘုရားများသည်ယခုကြွလာ၍သင်တို့ အား ကူမပါလေစေ။အမြန်ကြွလာ၍ကယ်တင်ပါလေစေ။
39. `` `ငါတစ်ဆူတည်းသာလျှင်ဘုရားဖြစ် တော်မူ၏။ငါသာလျှင်စစ်မှန်သောဘုရားဖြစ်၏။ငါသည်အသက်ကိုရုပ်သိမ်းပိုင်၏။အသက်ကိုပေးပိုင်၏။ငါသည်ဒဏ်ရာရစေနိုင်၏။ဒဏ်ရာကိုပျောက်ကင်းစေနိုင်၏။
40. ငါသည်နိစ္စထာဝရအသက်ရှင်တော်မူ သည့်အတိုင်းငါသည်ကောင်းကင်သို့လက်ကိုမြှောက်၍ ကျိန်ဆို၏။
41. ငါသည်ပြောင်လက်သောဋ္ဌားကိုသွေး၍ တရားမျှတစွာစီရင်မည်။ငါ၏ရန်သူတို့ကိုလက်စားချေ၍ငါ့အား မုန်းသူတို့ကိုဒဏ်စီရင်မည်။