25. စစ်ဘေးကြောင့်လူတို့သည်လမ်းများပေါ်၌ သေဆုံးကြလိမ့်မည်။နေအိမ်များတွင်ကြောက်မက်ဖွယ်ရာဘေးနှင့် တွေ့ကြုံရလိမ့်မည်။ယောကျာ်းပျိုနှင့်မိန်းမပျိုတို့သေဆုံးရကြလိမ့်မည်။နို့စို့ကလေးနှင့်အဖိုးအိုတို့သေဆုံးရကြလိမ့်မည်။
26. ငါသည်သူတို့ကိုတစ်ယောက်မကျန် သုတ်သင်ဖျက်ဆီးပစ်မည်ဟုအကြံရှိ၏။
27. သို့ရာတွင်သူတို့၏ရန်သူများသည်မိမိ တို့၏ အစွမ်းကြောင့်ငါ၏လူမျိုးတော်ကိုအောင်မြင်သည်ဟူ၍ ဝါကြွားခွင့်ကိုငါပေးမည်မဟုတ်။'
28. ``ဣသရေလလူမျိုးသည်စဉ်းစားဉာဏ်မရှိ၊ အသိဉာဏ်ကင်းမဲ့ကြ၏။
29. သူတို့သည်မည်သည့်အကြောင်းကြောင့် စစ်ရှုံးရသည်ကိုမသိကြ။ဖြစ်ပျက်သည့်အကြောင်းအရာကိုလည်း နားမလည်နိုင်ကြ။
30. လူတစ်ထောင်တပ်ကိုလူတစ်ယောက် ကလည်းကောင်း၊လူတစ်သောင်းတပ်ကိုလူနှစ်ယောက်တို့ ကလည်းကောင်းအဘယ်ကြောင့်နှိမ်နင်းနိုင်ခဲ့သနည်း။သူတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့အားစွန့်ပစ်တော်မူသောကြောင့်တည်း။သူတို့၏တန်ခိုးကြီးသောဘုရားသခင်သည်သူတို့အားရန်သူလက်သို့အပ်တော်မူ သောကြောင့်တည်း။
31. သူတို့၏ရန်သူများသည်မိမိတို့၏ဘုရားများ အားနည်း၍ဣသရေလအမျိုးသားတို့၏ဘုရားကဲ့သို့ တန်ခိုးမကြီးကြောင်းသိကြ၏။
32. သူတို့၏ရန်သူများသည်သောဒုံမြို့သား၊ ဂေါမောရ မြို့သားတို့ကဲ့သို့အကျင့်ပျက်လျက်ခါး၍အဆိပ်တောက်သောစပျစ်သီးကိုသီးသည့် စပျစ်နွယ်ပင်ကဲ့သို့လည်းကောင်း၊
33. မြွေအဆိပ်တောက်သောစပျစ်ရည် ကဲ့သို့လည်းကောင်းဖြစ်ကြ၏။
34. ``ထာဝရဘုရားသည်သူတို့၏ရန်သူများ ပြုလုပ်သမျှကိုသိမြင်တော်မူသဖြင့်၊သူတို့အားဒဏ်ခတ်ရန်အချိန်ကိုစောင့်ဆိုင်း နေတော်မူ၏။
35. ထာဝရဘုရားသည်ရန်သူတို့အားဒဏ်ခတ်၍ လက်စားချေတော်မူမည်။သူတို့ရှုံးနိမ့်ရသောအချိန်ရောက်လိမ့်မည်။သူတို့ပျက်စီးရသောအချိန်နီးပြီ။
36. ထာဝရဘုရားသည်မိမိလူမျိုးတော်၏ အင်အားကုန်သည့်အဖြစ်ကိုမြင်ရသော အခါသူတို့အားကယ်တင်တော်မူလိမ့်မည်။ကိုယ်တော်ရှင်ကိုဆည်းကပ်ကိုးကွယ်သူတို့ ခိုကိုးရာမဲ့သည့်အဖြစ်ကိုမြင်တော်မူသော အခါသူတို့အားကရုဏာပြတော်မူလိမ့်မည်။
37. ထိုအခါထာဝရဘုရားသည်မိမိ၏လူမျိုး တော်အား`သင်တို့ယုံကြည်ကိုးစားရာ၊တန်ခိုးကြီးသော ဘုရားများအဘယ်မှာရှိသနည်း။
38. သင်တို့သည်ထိုဘုရားများအားယဇ်ကောင် မှအဆီ အဥနှင့်စပျစ်ရည်ကိုပူဇော်ဆက်သခဲ့ကြပြီ။ထိုဘုရားများသည်ယခုကြွလာ၍သင်တို့ အား ကူမပါလေစေ။အမြန်ကြွလာ၍ကယ်တင်ပါလေစေ။