14. သူတို့၏ဆိတ်များနွားများမှနို့လှိုင်လှိုင် ထွက်၏။မျိုးအကောင်းဆုံးသိုးဆိတ်နွားများကိုပိုင်၍မျိုးအသန့်ဆုံးဂျုံနှင့်အကောင်းဆုံးစပျစ် ရည်ကို စားသုံးရကြ၏။
15. ``ထာဝရဘုရား၏လူမျိုးတော်သည် ကြွယ်ဝချမ်းသာသဖြင့်ဘုရားကိုပုန်ကန်ကြ၏။သူတို့သည်ဝဖြိုးလာကြ၏။ အစားအစာဝစွာစားရကြ၏။သူတို့အားဖန်ဆင်းသောဘုရားသခင်ကို စွန့်၍တန်ခိုးကြီးသောကယ်တင်ရှင်အားပစ်ပယ် ကြ၏။
16. သူတို့သည်ရုပ်တုဘုရားများကိုကိုးကွယ်သည့် အပြစ်ဒုစရိုက်ကြောင့်ပြိုင်ဘက်ကင်းသည့်ထာဝရဘုရားအား အမျက်တော်ထွက်စေကြ၏။