3. သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့အားသနားကရုဏာရှိတော် မူလိမ့်မည်။ ထို့အပြင်အပြည်ပြည်သို့ ရောက်ရှိနေထိုင်ရာမှ သင်တို့ကိုပြန်လည် ခေါ်ဆောင်တော်မူလိမ့်မည်။ သင်တို့၏ စီးပွားရေးကိုလည်း တစ်ဖန်တိုးတက် စေတော်မူလိမ့်မည်။-
6. ကိုယ်တော်သည်သင်တို့နှင့်သင်တို့၏ အဆက်အနွယ်တို့အား နားထောင်တတ် သောသဘောကိုပေးတော်မူလိမ့်မည်။ သင် တို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုစိတ်နှလုံးအကြွင်းမဲ့ချစ်လျက် ထိုပြည်တွင်ဆက်လက်နေထိုင်နိုင်ရန်၊-
7. သင်တို့ကိုမုန်း၍နှိပ်စက်ညှဉ်းဆဲသော ရန်သူများအပေါ်သို့ ထိုအမင်္ဂလာရှိ သမျှကိုကျရောက်စေတော်မူလိမ့်မည်။-
8. သင်တို့သည်လည်းကိုယ်တော်၏အမိန့်ကို တစ်ဖန်နာခံ၍ ငါယနေ့သင်တို့အား ပေးသောပညတ်တော်ရှိသမျှတို့ကို စောင့်ထိန်းကြလိမ့်မည်။-
11. ``သင်တို့အားငါယနေ့ပေးသောပညတ် တရားတော်သည် သင်တို့အတွက်နားမလည် နိုင်အောင်ခဲယဉ်းသည်မဟုတ်။ သင်တို့လက် လှမ်းမမီနိုင်အောင်ဝေးသည်မဟုတ်။-
12. သင်တို့က`အကျွန်ုပ်တို့သည်ထိုပညတ်တရား တော်ကိုကြားနာစောင့်ထိန်းနိုင်ရန် အဘယ်သူ သည်ကောင်းကင်သို့တက်၍အကျွန်ုပ်တို့ထံသို့ ယူဆောင်ခဲ့ပါမည်နည်း' ဟူ၍မေးမြန်းရ လောက်အောင် ထိုပညတ်တရားတော်သည် ကောင်းကင်၌ရှိသည်မဟုတ်။-
13. သင်တို့က`အကျွန်ုပ်တို့သည်ပညတ်တရား တော်ကိုကြားနာစောင့်ထိန်းနိုင်ရန် အဘယ် သူသည်သမုဒ္ဒရာကိုဖြတ်ကူး၍အကျွန်ုပ် တို့ထံသို့ယူဆောင်ခဲ့ပါမည်နည်း' ဟူ၍ မေးမြန်းရလောက်အောင်သမုဒ္ဒရာတစ် ဖက်စွန်း၌ရှိသည်မဟုတ်။-
14. ထိုတရားတော်သည်ဤနေရာ၌သင်တို့ နှင့်အတူရှိ၏။ သင်တို့သိသောတရား၊ သင် တို့ရွတ်ဆိုနိုင်သောတရားဖြစ်၏။ ထို့ကြောင့် ထိုတရားတော်ကိုသင်တို့ယခုလိုက်နာ ကြလော့။
15. ``ယနေ့ငါသည်သင်တို့အား အကောင်းသို့ မဟုတ်အဆိုး၊ အသက်ရှင်ခြင်းသို့မဟုတ် သေခြင်းကိုရွေးချယ်စေပြီ။-