တ​ရား​ဟော 30:11-15 Common Language Bible (BCL)

11. ``သင်​တို့​အား​ငါ​ယ​နေ့​ပေး​သော​ပ​ညတ် တ​ရား​တော်​သည် သင်​တို့​အ​တွက်​နား​မ​လည် နိုင်​အောင်​ခဲ​ယဉ်း​သည်​မ​ဟုတ်။ သင်​တို့​လက် လှမ်း​မ​မီ​နိုင်​အောင်​ဝေး​သည်​မ​ဟုတ်။-

12. သင်​တို့​က`အ​ကျွန်ုပ်​တို့​သည်​ထို​ပညတ်​တ​ရား တော်​ကို​ကြား​နာ​စောင့်​ထိန်း​နိုင်​ရန် အ​ဘယ်​သူ သည်​ကောင်း​ကင်​သို့​တက်​၍​အ​ကျွန်ုပ်​တို့​ထံ​သို့ ယူ​ဆောင်​ခဲ့​ပါ​မည်​နည်း' ဟူ​၍​မေး​မြန်း​ရ လောက်​အောင် ထို​ပ​ညတ်​တ​ရား​တော်​သည် ကောင်း​ကင်​၌​ရှိ​သည်​မ​ဟုတ်။-

13. သင်​တို့​က`အ​ကျွန်ုပ်​တို့​သည်​ပညတ်​တ​ရား တော်​ကို​ကြား​နာ​စောင့်​ထိန်း​နိုင်​ရန် အ​ဘယ် သူ​သည်​သ​မုဒ္ဒ​ရာ​ကို​ဖြတ်​ကူး​၍​အ​ကျွန်ုပ် တို့​ထံ​သို့​ယူ​ဆောင်​ခဲ့​ပါ​မည်​နည်း' ဟူ​၍ မေး​မြန်း​ရ​လောက်​အောင်​သ​မုဒ္ဒ​ရာ​တစ် ဖက်​စွန်း​၌​ရှိ​သည်​မ​ဟုတ်။-

14. ထို​တ​ရား​တော်​သည်​ဤ​နေ​ရာ​၌​သင်​တို့ နှင့်​အ​တူ​ရှိ​၏။ သင်​တို့​သိ​သော​တ​ရား၊ သင် တို့​ရွတ်​ဆို​နိုင်​သော​တ​ရား​ဖြစ်​၏။ ထို့​ကြောင့် ထို​တ​ရား​တော်​ကို​သင်​တို့​ယ​ခု​လိုက်​နာ ကြ​လော့။

15. ``ယ​နေ့​ငါ​သည်​သင်​တို့​အား အ​ကောင်း​သို့ မ​ဟုတ်​အ​ဆိုး၊ အ​သက်​ရှင်​ခြင်း​သို့​မ​ဟုတ် သေ​ခြင်း​ကို​ရွေး​ချယ်​စေ​ပြီ။-

တ​ရား​ဟော 30