14. မနာရှေအနွယ်ဝင်ယာဣရသည် ဂေရှုရနှင့် မာခါနယ်စပ်အထိကျယ်ဝန်းသောဗာရှန် ပြည်၊ တစ်နည်းအားဖြင့်အာဂေါဘဒေသ တစ်ခုလုံးကိုသိမ်းယူသည်။ သူသည်ကျေးရွာ များကို သူ၏နာမည်ဖြင့်မှည့်ခေါ်ရာ၌ ယနေ့ တိုင်အောင်ယာဣရ၏ကျေးရွာများဟုခေါ် တွင်သတည်း။)
15. ``မနာရှေအနွယ်ဝင်မာခိရအမျိုးသား တို့အား ဂိလဒ်မြို့ကိုငါခွဲဝေပေး၏။-
16. ရုဗင်နှင့်ဂဒ်အနွယ်ဝင်တို့အား ဂိလဒ်မြို့မှ အာနုန်မြစ်အထိနယ်မြေကိုငါခွဲဝေပေး ၏။ ထိုမြစ်လယ်တစ်လျှောက်သည်သူတို့၏ တောင်ဘက်နယ်နိမိတ်ဖြစ်၍ အမ္မုန်ပြည်နယ် စပ်တစ်စိတ်တစ်ဒေသဖြစ်သောယဗ္ဗုတ်မြစ် သည်သူတို့၏မြောက်ဘက်နယ်နိမိတ်ဖြစ် သည်။-
17. သူတို့၏နယ်မြေသည်အနောက်ဘက်ယော်ဒန် မြစ်သို့လည်းကောင်း၊ မြောက်ဘက်ဂါလိလဲ အိုင်သို့လည်းကောင်း၊ တောင်ဘက်ပင်လယ်သေ သို့လည်းကောင်း၊ အရှေ့ဘက်ပိသဂါတောင် ခြေသို့လည်းကောင်းကျယ်ဝန်းသည်။''