9. သင်တို့ပြုလေသမျှတို့၌အောင်မြင်ရန် ယခုပြုမည့်ပဋိညာဉ်ပါအချက်ရှိ သမျှတို့ကိုလိုက်နာရန်သတိပြုကြ လော့။
12. သင်တို့အပေါင်းသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားနှင့် ယနေ့သစ္စာဆို ၍ပဋိညာဉ်ပြုရကြမည်။-
13. သို့မှသာထာဝရဘုရားသည်သင်တို့ နှင့်သင်တို့၏ဘိုးဘေးများဖြစ်ကြသော အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားကတိ ရှိတော်မူသည့်အတိုင်း သင်တို့ကိုထာဝရ ဘုရား၏လူမျိုးတော်အဖြစ်အတည်ပြု တော်မူမည်။ ထာဝရဘုရားသည်လည်း သင် တို့၏ဘုရားသခင်ဖြစ်တော်မူမည်။-
14. ထာဝရဘုရားသည်သင်တို့နှင့်သာ ဤ ပဋိညာဉ်ဤသစ္စာကိုပြုတော်မူသည် သာမက၊-
15. ကိုယ်တော်၏ရှေ့တော်တွင်ယနေ့ရပ်နေ ကြသောငါတို့အပေါင်းနှင့်သော်လည်း ကောင်း၊ ယခုငါတို့နှင့်အတူမရှိသေး သောနောင်လာနောက်သားတို့နှင့်သော် လည်းကောင်းပြုတော်မူ၏။
16. ``အီဂျစ်ပြည်၌လည်းကောင်း၊ အခြားလူ မျိုးတို့၏နယ်မြေကိုဖြတ်သန်းသွားရာ ၌လည်းကာင်း၊ ငါတို့၏ဘဝအတွေ့ အကြုံကိုသင်တို့သိကြ၏။-
17. သူတို့၏ရွံရှာဖွယ်သောသစ်သားရုပ်တု၊ ကျောက်ရုပ်တု၊ ငွေရုပ်တု၊ ရွှေရုပ်တုများ ကိုလည်းသင်တို့မြင်ကြ၏။-