တ​ရား​ဟော 29:27-29 Common Language Bible (BCL)

27. ထို​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော် ၏​လူ​မျိုး​တော်​ကို​အ​မျက်​ထွက်​သ​ဖြင့် ဤ ကျမ်း​တွင်​ဖော်​ပြ​ထား​သော​ဘေး​ဒဏ် အ​ပေါင်း​တို့​ကို​သူ​တို့​ပြည်​၌​ကျ​ရောက် စေ​တော်​မူ​သည်။-

28. ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​ပြင်း​စွာ​ထွက် တော်​မူ​သ​ဖြင့် သူ​တို့​ကို​နေ​ရင်း​ပြည်​မှ​ထုတ် ပယ်​၍ တိုင်း​တစ်​ပါး​သို့​နှင်​ပစ်​တော်​မူ​လိုက် ရာ ယ​နေ့​တိုင်​သူ​တို့​သည်​ထို​ပြည်​၌​နေ ထိုင်​လျက်​ရှိ​ကြ​၏' ဟူ​၍​ဖြစ်​သည်။

29. ``ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထုတ်​ဖော်​မ​ပြ​သော​အ​ကြောင်း​အ​ရာ​များ ရှိ​၏။ သို့​ရာ​တွင်​ငါ​တို့​အား​ထုတ်​ဖော်​ပြ သော​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား ပ​ညတ် တ​ရား​တော်​ဖြစ်​သ​တည်း။ ငါ​တို့​နှင့်​ငါ တို့​၏​နောင်​လာ​နောင်​သား​တို့​သည် ထို ပ​ညတ်​တ​ရား​တော်​ကို​အ​စဉ်​အ​မြဲ စောင့်​ထိန်း​ရ​ကြ​မည်။

တ​ရား​ဟော 29