တ​ရား​ဟော 28:61-64 Common Language Bible (BCL)

61. ထာ​ဝ​ရ​ဘု​ရား​၏​ပညတ်​များ​နှင့်​သြ​ဝါ​ဒ များ​ပါ​ရှိ​သော ဤ​ကျမ်း​တွင်​ဖော်​ပြ​ခြင်း မ​ရှိ​သည့်​အ​ခြား​ရောဂါ​နှင့်​ကပ်​ရော​ဂါ အ​မျိုး​မျိုး​ကို​လည်း သင်​တို့​အ​ပေါ်​သို့​ကျ ရောက်​စေ​တော်​မူ​သ​ဖြင့်​သင်​တို့​သေ​ကြေ ပျက်​စီး​ရ​လိမ့်​မည်။-

62. သင်​တို့​သည်​မိုး​ကောင်း​ကင်​ရှိ​ကြယ်​များ ကဲ့​သို့ အ​ရေ​အ​တွက်​များ​ပြား​ကြ​သော် လည်း ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​ကို​မ​နာ​ခံ​သော​ကြောင့် လူ နည်း​စု​မျှ​လောက်​သာ​အ​သက်​ရှင်​၍​ကြွင်း ကျန်​လိမ့်​မည်။-

63. ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကြီး​ပွား တိုး​တက်​စေ​ရာ​၌​လည်း​ကောင်း၊ လူ​ဦး​ရေ တိုး​ပွား​များ​ပြား​စေ​ရာ​၌​လည်း​ကောင်း၊ နှစ်​သက်​အား​ရ​တော်​မူ​သည့်​နည်း​တူ​သင် တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ရာ​၌​လည်း ကောင်း၊ အ​ကျိုး​နည်း​ဆုံး​ရှုံး​စေ​ရာ​၌ လည်း​ကောင်း နှစ်​သက်​အား​ရ​တော်​မူ​လိမ့် မည်။ သင်​တို့​ဝင်​ရောက်​သိမ်း​ယူ​မည့်​ပြည်​မှ သင်​တို့​အား​ထုတ်​ပယ်​တော်​မူ​လိမ့်​မည်။

64. ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ကမ္ဘာ​တစ် စွန်း​မှ​တစ်​စွန်း​တိုင်​အောင် လူ​မျိုး​အ​ပေါင်း​တို့ ထဲ​သို့​ပျံ့​နှံ့​ကွဲ​လွင့်​စေ​တော်​မူ​လိမ့်​မည်။ ထို အ​ခါ​သင်​တို့​နှင့်​သင်​တို့​ဘိုး​ဘေး​တို့​မ​ကိုး ကွယ်​ဘူး​သော​သစ်​သား၊ သံ​တို့​ဖြင့်​ထု​လုပ် သည့်​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ လိမ့်​မည်။-

တ​ရား​ဟော 28