တ​ရား​ဟော 28:25-38 Common Language Bible (BCL)

25. ``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ရန်​သူ များ​အား​အောင်​ပွဲ​ခံ​စေ​မည်။ သင်​တို့​သည် ရန်​သူ​အား​လမ်း​တစ်​လမ်း​တည်း​ဖြင့်​တိုက် ခိုက်​ကြ​လျက် စစ်​ရှုံး​သ​ဖြင့်​လမ်း​အ​သွယ် သွယ်​ဖြင့်​ထွက်​ပြေး​ရ​ကြ​လိမ့်​မည်။-

26. သင်​တို့​သေ​ဆုံး​သော​အ​ခါ​ငှက်​များ​နှင့် သား​ရဲ​တိ​ရစ္ဆာန်​တို့​က သင်​တို့​၏​အ​သား ကို​စား​ကြ​လိမ့်​မည်။ ထို​ငှက်​နှင့်​သား​ရဲ တိ​ရစ္ဆာန်​များ​ကို​မောင်း​နှင်​မည့်​သူ​ရှိ​လိမ့် မည်​မ​ဟုတ်။-

27. အီ​ဂျစ်​အ​မျိုး​သား​တို့​ကဲ့​သို့ သင်​တို့​၌​အ​နာ စိမ်း​ရော​ဂါ​စွဲ​စေ​တော်​မူ​မည်။ သင်​တို့​၏​ကိုယ် ပေါ်​တွင်​အ​နာ​ပေါက်​စေ​တော်​မူ​မည်။ သင်​တို့ တွင်​ဆေး​ကု​၍​မ​ရ​သော​ဝဲ​ခြောက်​နာ၊ ယား နာ​များ​စွဲ​ကပ်​လိမ့်​မည်။-

28. သင်​တို့​တွင်​စိတ်​ဖောက်​ပြန်​ခြင်း၊ မျက်​စိ​ကွယ် ခြင်း၊ တွေ​ဝေ​ခြင်း​စ​သည့်​အ​ဖြစ်​ဆိုး​များ နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်။-

29. နေ့​ခင်း​ကြောင်​တောင်​၌​ပင်​လျှင်​စမ်း​တ​ဝါး ဝါး​သွား​ရ​သော​မျက်​မ​မြင်​ကဲ့​သို့ သင်​တို့ သည်​လမ်း​ကို​ရှာ​မ​တွေ့​ဖြစ်​လိမ့်​မည်။ လုပ် ဆောင်​သ​မျှ​တို့​၌​အောင်​မြင်​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​သည်​သူ​တစ်​ပါး​၏​နှိပ်​စက်​ခြင်း၊ လု ယူ​ခြင်း​ကို​အ​မြဲ​ခံ​ရ​လျက်​မည်​သူ​က​မျှ သင်​တို့​အား​ကယ်​မည်​မ​ဟုတ်။

30. ``သင်​နှင့်​လက်​ထပ်​ရန်​စေ့​စပ်​ထား​သော​မိန်း​မ ကို အ​ခြား​သူ​တစ်​ယောက်​က​မ​ယား​အ​ဖြစ် ပေါင်း​သင်း​လိမ့်​မည်။ သင်​သည်​အိမ်​ကို​ဆောက် သော်​လည်း​ထို​အိမ်​တွင်​မ​နေ​ရ။ စပျစ်​ဥ​ယျာဉ် ကို​စိုက်​သော်​လည်း​အ​သီး​ကို​မ​စား​ရ။-

31. သင်​၏​နွား​ကို​သင့်​မျက်​စိ​ရှေ့​တွင်​သတ်​သော် လည်း သင်​သည်​အ​သား​ကို​မ​စား​ရ။ သင်​၏ မြည်း​များ​ခိုး​ယူ​သွား​သည်​ကို​မျက်စိ​ဖြင့် မြင်​ရ​သော်​လည်း မြည်း​များ​ကို​ပြန်​မ​ရ။ သင်​၏​သိုး​များ​ရန်​သူ့​လက်​သို့​ကျ​ရောက် လိမ့်​မည်။ သို့​ရာ​တွင်​သင့်​အား​ကူ​ညီ​မည့် သူ​ရှိ​လိမ့်​မည်​မ​ဟုတ်။-

32. သင်​၏​မျက်​မှောက်​တွင်​သင်​၏​သား​သမီး များ​ကို လူ​မျိုး​ခြား​သား​တို့​က​ကျွန် အ​ဖြစ်​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ကြ​လိမ့် မည်။ နေ့​စဉ်​သင်​သည်​သား​သ​မီး​များ ပြန်​ရောက်​လာ​နိုး​နိုး​ဖြင့်​မျှော်​သော်​လည်း မျက်စိ​ညောင်း​ရုံ​သာ​ရှိ​မည်။-

33. သင်​တို့​ပင်​ပန်း​ကြီး​စွာ​စိုက်​ပျိုး​ရ​သော အ​သီး​အ​နှံ​အား​လုံး​ကို အ​ခြား​တစ်​နိုင်​ငံ သား​တို့​က​သိမ်း​ယူ​လိမ့်​မည်။ သင်​တို့​သည် ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို​အ​မြဲ​ခံ​ရ​ရုံ​မှ တစ်​ပါး မည်​သည့်​အ​ကျိုး​အ​မြတ်​ကို​မျှ ခံ​စား​ရ​လိမ့်​မည်​မ​ဟုတ်။-

34. သင်​တို့​ခံ​ရ​သော​ဆင်း​ရဲ​ဒုက္ခ​ကြောင့်​သင် တို့​ရူး​သွပ်​ကြ​လိမ့်​မည်။-

35. သင်​တို့​၏​ခြေ​ထောက်​များ​တွင်​နာ​ကျင်​၍ မ​ပျောက်​နိုင်​သော​အနာ​များ​ပေါက်​လိမ့်​မည်။ သင်​၏​တစ်​ကိုယ်​လုံး​တွင်​အ​နာ​စိမ်း​များ ပေါက်​လိမ့်​မည်။

36. ``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​နှင့်​သင်​တို့ ၏​ဘု​ရင်​ကို သင်​တို့​နှင့်​သင်​တို့​၏​ဘိုး​ဘေး များ​မ​ရောက်​ဘူး​သော​နိုင်​ငံ​ရပ်​ခြား​သို့ ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​စေ​တော်​မူ​လိမ့်​မည်။ သင်​တို့​သည်​ထို​ပြည်​တွင်​သစ်​သား​နှင့် ကျောက်​နှင့်​ထု​လုပ်​သော​ဘုရား​များ​ကို ကိုး​ကွယ်​ကြ​လိမ့်​မည်။-

37. သင်​တို့​ကို​အပြည်​ပြည်​သို့​ကွဲ​လွင့်​စေ​တော် မူ​သော​အ​ခါ ယင်း​ပြည်​သား​တို့​သည်​သင် တို့​၏​အ​ဖြစ်​ကို​မြင်​၍​ထိတ်​လန့်​ကြ​လိမ့် မည်။ သင်​တို့​အား​ပြောင်​လှောင်​သ​ရော်​ကဲ့​ရဲ့ ရှုတ်​ချ​ကြ​လိမ့်​မည်။

38. ``သင်​တို့​သည်​မျိုး​စေ့​များ​စွာ​ကြဲ​သော် လည်း​ထွက်​လာ​သော အ​သီး​အ​နှံ​များ​ကို ကျိုင်း​ကောင်​များ​ကိုက်​စား​သော​ကြောင့် အ​နည်း​ငယ်​မျှ​သာ​ရိတ်​သိမ်း​ရ​လိမ့်​မည်။-

တ​ရား​ဟော 28