တ​ရား​ဟော 27:9-13 Common Language Bible (BCL)

9. ထို့​နောက်​မော​ရှေ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​ယဇ် ပု​ရော​ဟိတ်​တို့​က ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​အား``ဣ​သ​ရေ​လ​အ​မျိုး​သား တို့၊ ငါ​ပြော​သ​မျှ​ကို​အ​လေး​ဂ​ရု​ပြု​၍ နား​ထောင်​ကြ​လော့။ ယ​နေ့​သင်​တို့​သည် သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ လူ​မျိုး​တော်​ဖြစ်​လာ​ကြ​ပြီ။-

10. သို့​ဖြစ်​၍​ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင် လျက် သင်​တို့​အား​ငါ​တို့​ယ​နေ့​ဆင့်​ဆို​သော ပ​ညတ်​တော်​ရှိ​သ​မျှ​တို့​ကို​စောင့်​ထိန်း​ကြ လော့'' ဟု​မှာ​ကြား​ကြ​၏။

11. ထို့​နောက်​မော​ရှေ​က​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား၊-

12. ``သင်​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ပြီး နောက် လူ​တို့​အ​ပေါ်​ကောင်း​ချီး​မင်္ဂ​လာ​ရွတ် ဆို​သော​အ​ခါ​၌ ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊ ဣ​သ​ခါ၊ ယော​သပ်​နှင့်​ဗင်္ယာ​မိန်​အ​နွယ်​တို့​သည်​ဂေ ရ​ဇိမ်​တောင်​ပေါ်​တွင်​ရပ်​နေ​ရ​ကြ​မည်။-

13. အ​မင်္ဂ​လာ​ရွတ်​ဆို​သော​အ​ခါ​၌ ရု​ဗင်၊ ဂဒ်၊ အာ​ရှာ၊ ဇာ​ဗု​လုန်၊ ဒန်​နှင့်​န​ဿ​လိ​အ​နွယ် တို့​သည်​ဧ​ဗ​လ​တောင်​ပေါ်​တွင်​ရပ်​နေ​ရ ကြ​မည်။-

တ​ရား​ဟော 27