1. ထို့နောက်မောရှေနှင့်ဣသရေလအမျိုး သားခေါင်းဆောင်များက လူအပေါင်းတို့ အား``သင်တို့အားငါယနေ့ပေးမည့်ညွှန် ကြားချက်ရှိသမျှတို့ကိုလိုက်နာကြ လော့။-
2. ယော်ဒန်မြစ်ကိုဖြတ်ကူးပြီးလျှင် သင်တို့၏ ဘုရားသခင်ထာဝရဘုရားပေးတော်မူ မည့်ပြည်သို့ဝင်ရောက်သောနေ့တွင် ကျောက် တုံးကြီးများကိုစိုက်ထူ၍အင်္ဂတေလိမ်း ကျံရမည်။-
3. ထိုကျောက်တုံးများပေါ်တွင် ဤပညတ်များ နှင့်သွန်သင်ချက်ရှိသမျှတို့ကိုရေးထား ရမည်။ သင်တို့ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရားကတိတော်ရှိသည့်အတိုင်း ယော်ဒန်မြစ်တစ်ဖက်ကမ်းသို့သင်တို့ကူး ပြီးနောက် အစာရေစာပေါကြွယ်ဝသော ပြည်သို့ရောက်ရှိကြသောအခါ၊-
4. သင်တို့အားငါယနေ့ညွှန်ကြားသည့်အတိုင်း ထိုကျောက်တုံးများကိုဧဗလတောင်ပေါ် တွင်စိုက်ထူ၍အင်္ဂတေလိမ်းကျံရမည်။-
7. ထိုယဇ်ပလ္လင်ပေါ်တွင်မီးရှို့ရာယဇ်များကို ပူဇော်ရမည်။-
8. မိတ်သဟာယယဇ်များကိုလည်းပူဇော်၍ စားရကြမည်။ သင်၏ဘုရားသခင်ထာဝရ ဘုရားရှေ့တော်၌ကျေးဇူးတော်ကိုချီးမွမ်း ကြလော့။ အင်္ဂတေလိမ်းကျံထားသောကျောက် တုံးများပေါ်တွင်ဘုရားသခင်၏ပညတ် တော်အားလုံးကို သေချာစွာရေးသား ထားလော့'' ဟုပြောဆို၏။
9. ထို့နောက်မောရှေနှင့်လေဝိအနွယ်ဝင်ယဇ် ပုရောဟိတ်တို့က ဣသရေလအမျိုးသား အပေါင်းတို့အား``ဣသရေလအမျိုးသား တို့၊ ငါပြောသမျှကိုအလေးဂရုပြု၍ နားထောင်ကြလော့။ ယနေ့သင်တို့သည် သင် တို့၏ဘုရားသခင်ထာဝရဘုရား၏ လူမျိုးတော်ဖြစ်လာကြပြီ။-
10. သို့ဖြစ်၍ကိုယ်တော်၏စကားကိုနားထောင် လျက် သင်တို့အားငါတို့ယနေ့ဆင့်ဆိုသော ပညတ်တော်ရှိသမျှတို့ကိုစောင့်ထိန်းကြ လော့'' ဟုမှာကြားကြ၏။
11. ထို့နောက်မောရှေကဣသရေလအမျိုး သားတို့အား၊-
12. ``သင်တို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူးပြီး နောက် လူတို့အပေါ်ကောင်းချီးမင်္ဂလာရွတ် ဆိုသောအခါ၌ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ယောသပ်နှင့်ဗင်္ယာမိန်အနွယ်တို့သည်ဂေ ရဇိမ်တောင်ပေါ်တွင်ရပ်နေရကြမည်။-
13. အမင်္ဂလာရွတ်ဆိုသောအခါ၌ ရုဗင်၊ ဂဒ်၊ အာရှာ၊ ဇာဗုလုန်၊ ဒန်နှင့်နဿလိအနွယ် တို့သည်ဧဗလတောင်ပေါ်တွင်ရပ်နေရ ကြမည်။-