တ​ရား​ဟော 27:1-11 Common Language Bible (BCL)

1. ထို့​နောက်​မော​ရှေ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​ခေါင်း​ဆောင်​များ​က လူ​အ​ပေါင်း​တို့ အား``သင်​တို့​အား​ငါ​ယ​နေ့​ပေး​မည့်​ညွှန် ကြား​ချက်​ရှိ​သ​မျှ​တို့​ကို​လိုက်​နာ​ကြ လော့။-

2. ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ပြီး​လျှင် သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ မည့်​ပြည်​သို့​ဝင်​ရောက်​သော​နေ့​တွင် ကျောက် တုံး​ကြီး​များ​ကို​စိုက်​ထူ​၍​အင်္ဂ​တေ​လိမ်း ကျံ​ရ​မည်။-

3. ထို​ကျောက်​တုံး​များ​ပေါ်​တွင် ဤ​ပညတ်​များ နှင့်​သွန်​သင်​ချက်​ရှိ​သ​မျှ​တို့​ကို​ရေး​ထား ရ​မည်။ သင်​တို့​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က​တိ​တော်​ရှိ​သည့်​အ​တိုင်း ယော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း​သို့​သင်​တို့​ကူး ပြီး​နောက် အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သော ပြည်​သို့​ရောက်​ရှိ​ကြ​သော​အ​ခါ၊-

4. သင်​တို့​အား​ငါ​ယ​နေ့​ညွှန်​ကြား​သည့်​အ​တိုင်း ထို​ကျောက်​တုံး​များ​ကို​ဧ​ဗ​လ​တောင်​ပေါ် တွင်​စိုက်​ထူ​၍​အင်္ဂ​တေ​လိမ်း​ကျံ​ရ​မည်။-

7. ထို​ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ရာ​ယဇ်​များ​ကို ပူ​ဇော်​ရ​မည်။-

8. မိတ်​သ​ဟာ​ယ​ယဇ်​များ​ကို​လည်း​ပူ​ဇော်​၍ စား​ရ​ကြ​မည်။ သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ရှေ့​တော်​၌​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ကြ​လော့။ အင်္ဂ​တေ​လိမ်း​ကျံ​ထား​သော​ကျောက် တုံး​များ​ပေါ်​တွင်​ဘု​ရား​သ​ခင်​၏​ပ​ညတ် တော်​အား​လုံး​ကို သေ​ချာ​စွာ​ရေး​သား ထား​လော့'' ဟု​ပြော​ဆို​၏။

9. ထို့​နောက်​မော​ရှေ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​ယဇ် ပု​ရော​ဟိတ်​တို့​က ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​အား``ဣ​သ​ရေ​လ​အ​မျိုး​သား တို့၊ ငါ​ပြော​သ​မျှ​ကို​အ​လေး​ဂ​ရု​ပြု​၍ နား​ထောင်​ကြ​လော့။ ယ​နေ့​သင်​တို့​သည် သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ လူ​မျိုး​တော်​ဖြစ်​လာ​ကြ​ပြီ။-

10. သို့​ဖြစ်​၍​ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင် လျက် သင်​တို့​အား​ငါ​တို့​ယ​နေ့​ဆင့်​ဆို​သော ပ​ညတ်​တော်​ရှိ​သ​မျှ​တို့​ကို​စောင့်​ထိန်း​ကြ လော့'' ဟု​မှာ​ကြား​ကြ​၏။

11. ထို့​နောက်​မော​ရှေ​က​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား၊-

တ​ရား​ဟော 27