9. ငါတို့သည်အီဂျစ်ပြည်မှထွက်ခွာလာစဉ်က သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် မိရိအံအားမည်ကဲ့သို့ဒဏ်ခတ်တော်မူခဲ့ ကြောင်းကိုသတိရကြလော့။
10. ``သင်တို့သည်လူတစ်ဦးအားတစ်စုံတစ်ခုကို ချေးငှားသောအခါ ထိုသူအပေါင်ထားသော အဝတ်အင်္ကျီကိုယူရန်သူ၏အိမ်ထဲသို့မဝင် ရ။-
11. ထိုသူကိုယ်တိုင်ယူလာသောအပေါင်ပစ္စည်း ကိုအိမ်အပြင်မှာစောင့်၍ယူရမည်။-
12. သူသည်ဆင်းရဲသားတစ်ယောက်ဖြစ်လျှင် ထိုအင်္ကျီကိုမိုးမချုပ်မီပြန်ပေးလော့။-