တ​ရား​ဟော 24:10-13 Common Language Bible (BCL)

10. ``သင်​တို့​သည်​လူ​တစ်​ဦး​အား​တစ်​စုံ​တစ်​ခု​ကို ချေး​ငှား​သော​အ​ခါ ထို​သူ​အ​ပေါင်​ထား​သော အဝတ်​အင်္ကျီ​ကို​ယူ​ရန်​သူ​၏​အိမ်​ထဲ​သို့​မ​ဝင် ရ။-

11. ထို​သူ​ကိုယ်​တိုင်​ယူ​လာ​သော​အ​ပေါင်​ပစ္စည်း ကို​အိမ်​အ​ပြင်​မှာ​စောင့်​၍​ယူ​ရ​မည်။-

12. သူ​သည်​ဆင်း​ရဲ​သား​တစ်​ယောက်​ဖြစ်​လျှင် ထို​အင်္ကျီ​ကို​မိုး​မ​ချုပ်​မီ​ပြန်​ပေး​လော့။-

13. သူ​သည်​ထို​အင်္ကျီ​ကို​ဝတ်​၍​အိပ်​နိုင်​ရန်​ည နေ​တိုင်း​ပြန်​ပေး​လော့။ ထို​အ​ခါ​သူ​သည် သင့်​အား​ကျေး​ဇူး​တင်​လိမ့်​မည်။ သင်​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​လည်း သင့်​ကို​နှစ်​သက်​တော်​မူ​လိမ့်​မည်။

တ​ရား​ဟော 24