6. ``သင်သည်ငှက်သိုက်တစ်ခုကိုသစ်ပင်ပေါ် ၌ဖြစ်စေ၊ မြေကြီးပေါ်၌ဖြစ်စေ၊ တွေ့၍ ငှက်မသည်ဥများသို့မဟုတ်ငှက်ကလေး များပေါ်တွင်ဝပ်နေလျှင် ငှက်မကိုမဖမ်း ယူရ။-
7. ငှက်ကလေးများကိုမူဖမ်းယူနိုင်သည်။ သို့ ရာတွင်ငှက်မကိုလွှတ်ရမည်။ ထိုသို့ပြုလျှင် သင်သည်အသက်ရှည်၍ကြွယ်ဝချမ်းသာ လိမ့်မည်။
8. ``သင်သည်အိမ်သစ်တစ်ဆောင်ကိုဆောက်သည့် အခါ အမိုးစွန်းပတ်လည်တွင်အကာအရံ ရှိစေရမည်။ ထိုသို့ကာရံထားလျှင်တစ်စုံ တစ်ယောက်သောသူသည် အမိုးပေါ်မှလိမ့် ကျသေဆုံးခဲ့သော်သင်၏တာဝန်မဟုတ်။
9. ``စပျစ်ပင်နှင့်အတူ အခြားအသီးအနှံ ပင်မစိုက်ရ။ ထိုသို့စိုက်လျှင်စပျစ်သီး နှင့်အခြားအသီးအနှံပင်ကိုမစား သုံးရ။
10. ``နွားနှင့်မြင်းတပ်၍ထယ်မထွန်ရ။
11. ``သိုးမွေးနှင့်ချည်စပ်၍ရက်သောအထည် ကိုမဝတ်ရ။
12. ``သင်၏ခြုံထည်ထောင့်လေးထောင့်တွင်ပန်း ပွားများတပ်ဆင်ရမည်။
15. မိန်းမ၏မိဘတို့ကသူတို့၏သမီးသည် အပျိုဖြစ်ကြောင်းသက်သေအထောက်အထား ကိုယူဆောင်၍ မြို့အကြီးအကဲထံသို့သွား ရောက်ရကြမည်။-