21. မြို့အကြီးအကဲတို့ကဖခင်၏အိမ်ရှေ့ သို့ခေါ်ဆောင်သွားပြီးနောက် မြို့သားတို့က သူ့ကိုကျောက်ခဲနှင့်ပစ်သတ်ရမည်။ ထိုမိန်းမ သည်လက်မထပ်မီဖခင်၏အိမ်၌ရှိနေစဉ် ကပင် ကာမစပ်ယှက်မှုကိုပြုခဲ့သဖြင့် ဣသရေလလူမျိုးတွင်ရှက်ဖွယ်သောအမှု ကိုကူးလွန်ခဲ့လေပြီ။ ဤနည်းအားဖြင့် သင်တို့သည်ဤဒုစရိုက်ကိုဖယ်ရှားနိုင် ကြမည်။
22. ``ယောကျာ်းတစ်ယောက်ကလင်ရှိမယားတစ် ဦးနှင့် ကာမစပ်ယှက်နေသည်ကိုမိလျှင် နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။ ဤ နည်းအားဖြင့်သင်တို့သည်ဤဒုစရိုက်ကို ဖယ်ရှားနိုင်ကြမည်။
23. ``အကယ်၍ယောကျာ်းတစ်ဦးသည် အခြား သူနှင့်ထိမ်းမြားရန်စေ့စပ်ထားသောမိန်းမ နှင့် မြို့ထဲ၌ကာမစပ်ယှက်နေသည်ကိုမိ လျှင်၊-
24. သူတို့နှစ်ဦးစလုံးကိုမြို့ပြင်သို့ထုတ်၍ ကျောက်ခဲဖြင့်ပစ်သတ်ရမည်။ မိန်းမသည်မြို့ ထဲ၌အော်ဟစ်၍အကူအညီတောင်းခဲ့သော် ရနိုင်ပါလျက်နှင့် အကူအညီမတောင်းခြင်း ကြောင့်သေဒဏ်ခံစေရမည်။ ယောကျာ်းသည် ဣသရေလအမျိုးသားချင်းတစ်ဦးနှင့် ထိမ်းမြားရန်စေ့စပ်ထားသောမိန်းမနှင့် ကာမစပ်ယှက်ခြင်းကြောင့်သေဒဏ်ခံ စေရမည်။ ဤနည်းအားဖြင့်သင်တို့သည် ဤဒုစရိုက်ကိုဖယ်ရှားနိုင်ကြမည်။
25. ``အကယ်၍ယောကျာ်းတစ်ယောက်သည် အခြား သူနှင့်ထိမ်းမြားရန်စေ့စပ်ထားသောမိန်းမ နှင့်မြို့ပြင်၌တွေ့၍မုဒိမ်းကျင့်လျှင် ထို ယောကျာ်းကိုသာသေဒဏ်စီရင်ရမည်။-
26. မိန်းမသည်သေထိုက်သောအပြစ်မကူးလွန် သဖြင့် သူ့အားဒဏ်မစီရင်စေရ။ ဤအမှု သည်ယောကျာ်းတစ်ဦးက အခြားတစ်ဦးကို ခိုက်ရန်ပြု၍သတ်သောအမှုကဲ့သို့ဖြစ် သည်။-
27. ထိုယောကျာ်းသည်မိန်းမအားမြို့ပြင်၌ မုဒိမ်းကျင့်သည်ဖြစ်ရာ မိန်းမကအော်ဟစ် ၍အကူအညီတောင်းသော်လည်းသူ့အား ကယ်မည့်သူမရှိသဖြင့်သူ၌အပြစ်မရှိ။
28. ``အကယ်၍ယောကျာ်းတစ်ယောက်သည် အခြားသူနှင့်လက်ထပ်ရန်စေ့စပ်ထား ခြင်းမရှိသောမိန်းမအားမုဒိမ်းကျင့် သည်ကိုမိလျှင်၊-
29. သူသည်ထိုမိန်းမ၏ဖခင်အား မင်္ဂလာကြေး ငွေသားငါးဆယ်ပေးလျော်စေရမည်။ ထိုသူ သည်မိန်းမနှင့်အဋ္ဌမ္မကာမစပ်ယှက်ခဲ့သဖြင့် မိမိ၏မယားအဖြစ်သိမ်းပိုက်ရမည်။ သူ အသက်ရှင်နေသမျှကာလပတ်လုံးထို မိန်းမကိုမကွာရှင်းစေရ။
30. ``မည်သူမျှမိမိဖခင်၏မယားတစ်ဦးဦး နှင့်ဖောက်ပြန်၍ဖခင်အားအရှက်မခွဲ စေရ။