တ​ရား​ဟော 22:2-18 Common Language Bible (BCL)

2. ထို​ပိုင်​ရှင်​နေ​ထိုင်​ရာ​အ​ရပ်​သည်​ခ​ရီး​ဝေး လျှင်​သော်​လည်း​ကောင်း၊ ပိုင်​ရှင်​မှာ​မည်​သူ​ဖြစ် ကြောင်း​မ​သိ​လျှင်​သော်​လည်း​ကောင်း ထို​နွား သို့​မ​ဟုတ်​သိုး​ကို​သင်​၏​အိမ်​သို့​ယူ​ဆောင် ခဲ့​လော့။ ပိုင်​ရှင်​ပေါ်​လျှင်​ပြန်​အပ်​လော့။-

3. ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​၏​မြည်း​ဖြစ် စေ၊ အ​ဝတ်​အ​ထည်​ဖြစ်​စေ၊ အ​ခြား​အ​ရာ တစ်​စုံ​တစ်​ခု​ဖြစ်​စေ​ပျောက်​ဆုံး​၍ သင်​တွေ့ လျှင်​ထို​နည်း​အ​တိုင်း​ဆောင်​ရွက်​ရ​မည်။''

4. ``ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​၏​မြည်း သို့​မ​ဟုတ်​နွား​သည် လမ်း​ပေါ်​တွင်​လဲ​နေ လျှင်​သင်​သည်​မ​ကူ​ညီ​ဘဲ​မ​နေ​နှင့်။ ဝိုင်း ၍​ထူ​ပေး​လော့။''

5. ``အ​မျိုး​သ​မီး​တို့​သည်​ယောကျာ်း​တို့​၏ အ​ဝတ်​ကို​မ​ဝတ်​ရ။ ယောကျာ်း​တို့​သည်​လည်း အ​မျိုး​သ​မီး​တို့​၏​အ​ဝတ်​ကို​မ​ဝတ်​ရ။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် ထို​သို့​ဝတ်​ဆင်​သော​သူ​များ​ကို စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​၏။

6. ``သင်​သည်​ငှက်​သိုက်​တစ်​ခု​ကို​သစ်​ပင်​ပေါ် ၌​ဖြစ်​စေ၊ မြေ​ကြီး​ပေါ်​၌​ဖြစ်​စေ၊ တွေ့​၍ ငှက်​မ​သည်​ဥ​များ​သို့​မ​ဟုတ်​ငှက်​က​လေး များ​ပေါ်​တွင်​ဝပ်​နေ​လျှင် ငှက်​မ​ကို​မ​ဖမ်း ယူ​ရ။-

7. ငှက်​က​လေး​များ​ကို​မူ​ဖမ်း​ယူ​နိုင်​သည်။ သို့ ရာ​တွင်​ငှက်​မ​ကို​လွှတ်​ရ​မည်။ ထို​သို့​ပြု​လျှင် သင်​သည်​အ​သက်​ရှည်​၍​ကြွယ်​ဝ​ချမ်း​သာ လိမ့်​မည်။

8. ``သင်​သည်​အိမ်​သစ်​တစ်​ဆောင်​ကို​ဆောက်​သည့် အ​ခါ အ​မိုး​စွန်း​ပတ်​လည်​တွင်​အ​ကာ​အ​ရံ ရှိ​စေ​ရ​မည်။ ထို​သို့​ကာ​ရံ​ထား​လျှင်​တစ်​စုံ တစ်​ယောက်​သော​သူ​သည် အ​မိုး​ပေါ်​မှ​လိမ့် ကျ​သေ​ဆုံး​ခဲ့​သော်​သင်​၏​တာ​ဝန်​မ​ဟုတ်။

9. ``စ​ပျစ်​ပင်​နှင့်​အ​တူ အ​ခြား​အ​သီး​အ​နှံ ပင်​မ​စိုက်​ရ။ ထို​သို့​စိုက်​လျှင်​စ​ပျစ်​သီး နှင့်​အ​ခြား​အ​သီး​အ​နှံ​ပင်​ကို​မ​စား သုံး​ရ။

10. ``နွား​နှင့်​မြင်း​တပ်​၍​ထယ်​မ​ထွန်​ရ။

11. ``သိုး​မွေး​နှင့်​ချည်​စပ်​၍​ရက်​သော​အ​ထည် ကို​မ​ဝတ်​ရ။

12. ``သင်​၏​ခြုံ​ထည်​ထောင့်​လေး​ထောင့်​တွင်​ပန်း ပွား​များ​တပ်​ဆင်​ရ​မည်။

15. မိန်း​မ​၏​မိ​ဘ​တို့​က​သူ​တို့​၏​သ​မီး​သည် အ​ပျို​ဖြစ်​ကြောင်း​သက်​သေ​အ​ထောက်​အ​ထား ကို​ယူ​ဆောင်​၍ မြို့​အ​ကြီး​အ​ကဲ​ထံ​သို့​သွား ရောက်​ရ​ကြ​မည်။-

16. ထို​မိန်း​မ​၏​ဖ​ခင်​က`အ​ကျွန်ုပ်​၏​သ​မီး​ကို ဤ​သူ​နှင့်​လက်​ထပ်​ပေး​စား​ခဲ့​ရာ သူ​သည် ယ​ခု​သ​မီး​ကို​စွန့်​လို​ပါ​သည်။-

17. သူ​က​အ​ကျွန်ုပ်​၏​သ​မီး​သည်​အ​ပျို​မ​ဟုတ် ဟူ​၍​မ​တ​ရား​စွပ်​စွဲ​ပါ​သည်။ သို့​ရာ​တွင် အ​ကျွန်ုပ်​၏​သ​မီး​သည် အ​ပျို​ဖြစ်​ကြောင်း သက်​သေ​အ​ထောက်​အ​ထား​အ​ဖြစ်​သွေး​စွန်း နေ​သော​မင်္ဂ​လာ​ဆောင်​အ​ခင်း​ကို​တင်​ပြ​ပါ သည်' ဟု​အ​ကြီး​အ​ကဲ​တို့​အား​လျှောက် ဆို​ရ​မည်။-

18. ထို​အ​ခါ​မြို့​အ​ကြီး​အ​ကဲ​တို့​က​လင် ယောကျာ်း​ကို​ရိုက်​၍​ဆုံး​မ​ရ​မည်။-

တ​ရား​ဟော 22