တ​ရား​ဟော 22:12-27 Common Language Bible (BCL)

12. ``သင်​၏​ခြုံ​ထည်​ထောင့်​လေး​ထောင့်​တွင်​ပန်း ပွား​များ​တပ်​ဆင်​ရ​မည်။

13-14. ``အ​ကယ်​၍​ယောကျာ်း​တစ်​ယောက်​သည် မိန်း​မ တစ်​ယောက်​နှင့်​လက်​ထပ်​ပေါင်း​သင်း​ပြီး​နောက် ထို​မိန်းမ​ကို​မ​နှစ်​သက်​သ​ဖြင့် သူ​သည်​အ​ပျို မ​ဟုတ်​ဟူ​၍​မ​တ​ရား​စွပ်​စွဲ​သော်၊-

15. မိန်း​မ​၏​မိ​ဘ​တို့​က​သူ​တို့​၏​သ​မီး​သည် အ​ပျို​ဖြစ်​ကြောင်း​သက်​သေ​အ​ထောက်​အ​ထား ကို​ယူ​ဆောင်​၍ မြို့​အ​ကြီး​အ​ကဲ​ထံ​သို့​သွား ရောက်​ရ​ကြ​မည်။-

16. ထို​မိန်း​မ​၏​ဖ​ခင်​က`အ​ကျွန်ုပ်​၏​သ​မီး​ကို ဤ​သူ​နှင့်​လက်​ထပ်​ပေး​စား​ခဲ့​ရာ သူ​သည် ယ​ခု​သ​မီး​ကို​စွန့်​လို​ပါ​သည်။-

17. သူ​က​အ​ကျွန်ုပ်​၏​သ​မီး​သည်​အ​ပျို​မ​ဟုတ် ဟူ​၍​မ​တ​ရား​စွပ်​စွဲ​ပါ​သည်။ သို့​ရာ​တွင် အ​ကျွန်ုပ်​၏​သ​မီး​သည် အ​ပျို​ဖြစ်​ကြောင်း သက်​သေ​အ​ထောက်​အ​ထား​အ​ဖြစ်​သွေး​စွန်း နေ​သော​မင်္ဂ​လာ​ဆောင်​အ​ခင်း​ကို​တင်​ပြ​ပါ သည်' ဟု​အ​ကြီး​အ​ကဲ​တို့​အား​လျှောက် ဆို​ရ​မည်။-

18. ထို​အ​ခါ​မြို့​အ​ကြီး​အ​ကဲ​တို့​က​လင် ယောကျာ်း​ကို​ရိုက်​၍​ဆုံး​မ​ရ​မည်။-

19. ထို​သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တစ် ဦး​အား​အ​သ​ရေ​ဖျက်​သ​ဖြင့် ငွေ​သား​တစ် ရာ​ကို​ဒဏ်​ဆောင်​စေ​ရ​မည်။ ထို​ဒဏ်​ငွေ​ကို မိန်း​မ​၏​ဖ​ခင်​အား​ပေး​ရ​မည်။ ထို့​အပြင်​သူ သည်​မိန်း​မ​ကို​သူ​၏​မ​ယား​အ​ဖြစ်​ဆက် လက်​ပေါင်း​သင်း​စေ​ရ​မည်။ သူ​အ​သက်​ရှင် နေ​သ​မျှ​ကာ​လ​ပတ်​လုံး ထို​မိန်း​မ​ကို မ​ကွာ​ရှင်း​စေ​ရ။

20. ``အ​ကယ်​၍​ထို​စွပ်​စွဲ​ချက်​သည်​မှန်​သ​ဖြင့် မိန်း​မ​သည်​အပျို​ဖြစ်​ကြောင်း​သက်​သေ အ​ထောက်​အ​ထား​မ​ပြ​နိုင်​လျှင်၊-

21. မြို့​အ​ကြီး​အ​ကဲ​တို့​က​ဖ​ခင်​၏​အိမ်​ရှေ့ သို့​ခေါ်​ဆောင်​သွား​ပြီး​နောက် မြို့​သား​တို့​က သူ့​ကို​ကျောက်​ခဲ​နှင့်​ပစ်​သတ်​ရ​မည်။ ထို​မိန်း​မ သည်​လက်​မ​ထပ်​မီ​ဖ​ခင်​၏​အိမ်​၌​ရှိ​နေ​စဉ် က​ပင် ကာ​မ​စပ်​ယှက်​မှု​ကို​ပြု​ခဲ့​သ​ဖြင့် ဣ​သ​ရေ​လ​လူ​မျိုး​တွင်​ရှက်​ဖွယ်​သော​အ​မှု ကို​ကူး​လွန်​ခဲ့​လေ​ပြီ။ ဤ​နည်း​အား​ဖြင့် သင်​တို့​သည်​ဤ​ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင် ကြ​မည်။

22. ``ယောကျာ်း​တစ်​ယောက်​က​လင်​ရှိ​မ​ယား​တစ် ဦး​နှင့် ကာ​မ​စပ်​ယှက်​နေ​သည်​ကို​မိ​လျှင် နှစ်​ဦး​စ​လုံး​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။ ဤ နည်း​အား​ဖြင့်​သင်​တို့​သည်​ဤ​ဒု​စ​ရိုက်​ကို ဖယ်​ရှား​နိုင်​ကြ​မည်။

23. ``အ​ကယ်​၍​ယောကျာ်း​တစ်​ဦး​သည် အ​ခြား သူ​နှင့်​ထိမ်း​မြား​ရန်​စေ့​စပ်​ထား​သော​မိန်း​မ နှင့် မြို့​ထဲ​၌​ကာ​မ​စပ်​ယှက်​နေ​သည်​ကို​မိ လျှင်၊-

24. သူ​တို့​နှစ်​ဦး​စ​လုံး​ကို​မြို့​ပြင်​သို့​ထုတ်​၍ ကျောက်​ခဲ​ဖြင့်​ပစ်​သတ်​ရ​မည်။ မိန်း​မ​သည်​မြို့ ထဲ​၌​အော်​ဟစ်​၍​အ​ကူ​အ​ညီ​တောင်း​ခဲ့​သော် ရ​နိုင်​ပါ​လျက်​နှင့် အ​ကူ​အ​ညီ​မ​တောင်း​ခြင်း ကြောင့်​သေ​ဒဏ်​ခံ​စေ​ရ​မည်။ ယောကျာ်း​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​တစ်​ဦး​နှင့် ထိမ်း​မြား​ရန်​စေ့​စပ်​ထား​သော​မိန်း​မ​နှင့် ကာ​မ​စပ်​ယှက်​ခြင်း​ကြောင့်​သေ​ဒဏ်​ခံ စေ​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သင်​တို့​သည် ဤ​ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင်​ကြ​မည်။

25. ``အ​ကယ်​၍​ယောကျာ်း​တစ်​ယောက်​သည် အ​ခြား သူ​နှင့်​ထိမ်း​မြား​ရန်​စေ့​စပ်​ထား​သော​မိန်း​မ နှင့်​မြို့​ပြင်​၌​တွေ့​၍​မု​ဒိမ်း​ကျင့်​လျှင် ထို ယောကျာ်း​ကို​သာ​သေ​ဒဏ်​စီ​ရင်​ရ​မည်။-

26. မိန်း​မ​သည်​သေ​ထိုက်​သော​အ​ပြစ်​မ​ကူး​လွန် သ​ဖြင့် သူ့​အား​ဒဏ်​မ​စီ​ရင်​စေ​ရ။ ဤ​အ​မှု သည်​ယောကျာ်း​တစ်​ဦး​က အ​ခြား​တစ်​ဦး​ကို ခိုက်​ရန်​ပြု​၍​သတ်​သော​အ​မှု​ကဲ့​သို့​ဖြစ် သည်။-

27. ထို​ယောကျာ်း​သည်​မိန်း​မ​အား​မြို့​ပြင်​၌ မု​ဒိမ်း​ကျင့်​သည်​ဖြစ်​ရာ မိန်း​မ​က​အော်​ဟစ် ၍​အ​ကူ​အ​ညီ​တောင်း​သော်​လည်း​သူ့​အား ကယ်​မည့်​သူ​မ​ရှိ​သ​ဖြင့်​သူ​၌​အ​ပြစ်​မ​ရှိ။

တ​ရား​ဟော 22