တ​ရား​ဟော 21:21-23 Common Language Bible (BCL)

21. ထို့​နောက်​မြို့​သား​အ​ပေါင်း​တို့​က ထို​သား​ကို ကျောက်​ခဲ​နှင့်​ပစ်​၍​သတ်​ရ​မည်။ ဤ​နည်း​အား ဖြင့်​သင်​တို့​သည်​ဤ​ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင် ကြ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ထို​သ​တင်း​ကို​ကြား​ရ​သ​ဖြင့် ကြောက်​ရွံ့​ကြ​လိမ့်​မည်။''

22. ``သေ​ဒဏ်​ထိုက်​သော​ပြစ်​မှု​ကြောင့် အ​သေ သတ်​ခြင်း​ခံ​ရ​သူ​၏​အ​လောင်း​ကို​တိုင်​ပေါ် တွင်​ဆွဲ​ထား​လျှင်၊-

23. ည​အိပ်​၍​မ​ထား​ရ။ အ​လောင်း​ကို​တိုင်​ပေါ် တွင်​ဆွဲ​ထား​ခြင်း​သည်​တိုင်း​ပြည်​အ​တွက် အမင်္ဂ​လာ​ဖြစ်​သော​ကြောင့် အ​လောင်း​ကို​နေ့ ချင်း​တွင်း​မြှုပ်​နှံ​ရ​မည်။ သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော်​မူ​မည့်​ပြည် ကို မ​ညစ်​ညမ်း​စေ​ရန်​ထို​အ​လောင်း​ကို​မြှုပ်​နှံ လော့။''

တ​ရား​ဟော 21