တ​ရား​ဟော 2:28-29-37 Common Language Bible (BCL)

3. `သင်​တို့​သည်​ထို​တောင်​ကုန်း​ဒေ​သ​တွင်​ကြာ မြင့်​စွာ​လှည့်​လည်​ခဲ့​ကြ​ပြီ၊ မြောက်​ဘက်​သို့ ခ​ရီး​ထွက်​ကြ​လော့' ဟု​မိန့်​တော်​မူ​၏။-

4. ထို့​နောက်​ကိုယ်​တော်​သည် ငါ​မှ​တစ်​ဆင့်​သင်​တို့ အား​ဆင့်​ဆို​သည်​မှာ`သင်​တို့​သည်​သင်​တို့​၏ ဆွေ​မျိုး​သား​ချင်း​များ​ဖြစ်​သော ဧ​သော​၏ အ​ဆက်​အ​နွယ်​များ​နေ​ထိုင်​ရာ​ဧဒုံ​ပြည်​ကို ဖြတ်​သန်း​သွား​ရ​တော့​မည်။ သူ​တို့​သည်​သင် တို့​ကို​ကြောက်​ရွံ့​ကြ​လိမ့်​မည်။ ငါ​သည်​သူ​တို့ ၏​မြေ​တစ်​လက်​မ​ကို​မျှ​သင်​တို့​အား​ပေး မည်​မ​ဟုတ်​သော​ကြောင့်၊-

5. သူ​တို့​ကို​မ​တိုက်​ခိုက်​နှင့်။ ငါ​သည်​ဧ​ဒုံ​ပြည် ကို​ဧ​သော​၏​အ​ဆက်​အ​နွယ်​တို့​အား​အ​ပိုင် ပေး​ထား​ပြီ။-

6. သူ​တို့​ထံ​မှ​အ​စာ​ရေ​စာ​ကို​ဝယ်​ယူ​စား​သုံး လော့' ဟု​ညွှန်​ကြား​တော်​မူ​သည်။''

7. ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ပြု​ခဲ့​လေ​သ​မျှ​ကို​အ​ဘယ်​သို့​ကောင်း ချီး​ပေး​တော်​မူ​ခဲ့​သည်​ကို သ​တိ​ရ​ကြ​လော့။ ဤ​ကျယ်​ပြန့်​သော​တော​ကန္တာ​ရ​ကို​လှည့်​လည်​ဖြတ် သန်း​ရာ​ခ​ရီး​၌ သင်​တို့​ကို​စောင့်​ရှောက်​တော်​မူ ခဲ့​ပြီ။ ကိုယ်​တော်​သည်​နှစ်​ပေါင်း​လေး​ဆယ်​ပတ် လုံး​သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သ​ဖြင့် သင် တို့​လို​အပ်​သ​မျှ​ကို​ရ​ရှိ​ခဲ့​ကြ​ပြီ။''

8. ``သို့​ဖြစ်​၍​ငါ​တို့​သည်​ဧ​လပ်​မြို့​နှင့်​ဧ​ဇ ယုန်​ဂါ​ဗာ​မြို့​များ​မှ​ပင်​လယ်​သေ​သို့​သွား ရာ​လမ်း​မှ​ခွဲ​ထွက်​၍ အ​ရှေ့​မြောက်​ရှိ​မော​ဘ ပြည်​သို့​သွား​သော​တော​ကန္တာ​ရ​လမ်း​သို့​ခ​ရီး ဆက်​ကြ​သည်။-

9. ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား`လော​တ​၏​အ​ဆက် အ​နွယ်​များ​ဖြစ်​သော​မော​ဘ​ပြည်​သား​တို့​ကို မ​နှောင့်​ယှက်​ကြ​နှင့်။ စစ်​မ​တိုက်​နှင့်။ ငါ​သည် သူ​တို့​အား​အာ​ရ​မြို့​ကို​အ​ပိုင်​ပေး​ထား​ပြီ ဖြစ်​၍​သူ​တို့​၏​မြေ​ကို​သင်​တို့​အား​ငါ​မ​ပေး' ဟု​မိန့်​တော်​မူ​၏။''

28-29. ကျွန်ုပ်​တို့​သည် အ​စာ​ရေ​စာ​ကို​ဝယ်​ယူ​စား​သုံး ပါ​မည်။ ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်​သို့​ရောက်​ရန် ယော်​ဒန်​မြစ် ကို​မ​ကူး​မီ​မင်း​ကြီး​၏​တိုင်း​ပြည်​ကို​ဖြတ်​သန်း ရုံ​ဖြတ်​သန်း​ခွင့်​ပေး​ပါ​လော့။ ဧဒုံ​ပြည်​တွင်​နေ​ထိုင် သော​ဧ​သော​၏​အ​ဆက်​အ​နွယ်​တို့​သည်​လည်း ကောင်း၊ အာ​ရ​ပြည်​တွင်​နေ​ထိုင်​သော​မော​ဘ အ​မျိုး​သား​တို့​သည်​လည်း​ကောင်း ကျွန်ုပ်​တို့ အား​သူ​တို့​၏​ပြည်​ကို​ဖြတ်​သန်း​ခွင့်​ပေး​ခဲ့ ကြ​ပါ​သည်' ဟူ​၍​ငြိမ်း​ချမ်း​ရေး​စ​ကား​ကမ်း လှမ်း​ခဲ့​သည်။''

30. ``သို့​သော်​လည်း​ရှိ​ဟုန်​ဘု​ရင်​သည် ငါ​တို့​အား သူ​၏​ပြည်​ကို​ဖြတ်​သန်း​ခွင့်​မ​ပေး။ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​မင်း ကို​ခေါင်း​မာ​စေ​တော်​မူ​သ​ဖြင့် ငါ​တို့​သည်​သူ့ ကို​တိုက်​ခိုက်​အောင်​မြင်​၍ သူ​၏​ပြည်​ကို​သိမ်း ပိုက်​ကာ​ယ​နေ့​တိုင်​နေ​ထိုင်​လျက်​ရှိ​ကြ​သည်။''

31. ``ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား`ငါ​သည် ရှိ​ဟုန်​ဘု​ရင်​နှင့်​သူ​၏​ပြည်​ကို​သင်​၏​လက်​သို့ အပ်​တော်​မူ​မည်။ သူ​၏​ပြည်​ကို​သိမ်း​ယူ​လော့' ဟု​မိန့်​တော်​မူ​၏။-

32. ရှိ​ဟုန်​ဘု​ရင်​သည်​ငါ​တို့​ကို​တိုက်​ခိုက်​ရန် သူ ၏​စစ်​သည်​ဗိုလ်​ပါ​အ​ပေါင်း​တို့​နှင့်​ယာ​ဟတ် မြို့​အ​နီး​သို့​ချီ​တက်​လာ​ကြ​သည်။-

33. သို့​ရာ​တွင်​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် ထို​မင်း​ကို​ငါ​တို့​၏​လက်​သို့​အပ် သ​ဖြင့် သူ​နှင့်​သူ​၏​သား​များ​နှင့်​တ​ကွ​စစ် သည်​ဗိုလ်​ပါ​အ​ပေါင်း​တို့​ကို သတ်​ဖြတ်​သုတ် သင်​ခဲ့​ကြ​၏။-

34. ထို​အ​ချိန်​၌​ပင်​ငါ​တို့​သည် သူ​တို့​၏​မြို့​အား လုံး​ကို​သိမ်း​ပိုက်​၍​ဖျက်​ဆီး​ကြ​၏။ ယောကျာ်း၊ မိန်း​မ​နှင့်၊ က​လေး​သူ​ငယ်​အား​လုံး​တစ်​ယောက် မ​ကျန်​သတ်​ပစ်​ကြ​၏။-

35. တိ​ရစ္ဆာန်​များ​နှင့်​မြို့​များ​ရှိ​ပစ္စည်း​များ​ကို​ကား သိမ်း​ယူ​ကြ​၏။-

36. ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အာ​နုန်​ချိုင့်​ကမ်း​ပေါ်​ရှိ​အာ​ရော်​မြို့​နှင့်​ချိုင့်​လယ် ရှိ​မြို့​မှ​စ​၍ ဂိလဒ်​မြို့​တိုင်​အောင်​မြို့​ရှိ​သ​မျှ​ကို ငါ​တို့​အား​သိမ်း​ပိုက်​စေ​တော်​မူ​၏။ မည်​သည့်​မြို့ မှ​ငါ​တို့​ကို​မ​ခု​ခံ​နိုင်။-

37. သို့​ရာ​တွင်​အမ္မုန်​အ​မျိုး​သား​တို့​ပြည်၊ ယဗ္ဗုတ် မြစ်​ကမ်း၊ တောင်​ကုန်း​ဒေ​သ​ရှိ​မြို့​များ​နှင့် ငါ တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​မ​သွား ရန်​တား​မြစ်​သော​အ​ရပ်​များ​သို့​ငါ​တို့​မ​ချဉ်း ကပ်​ကြ။''

တ​ရား​ဟော 2