တ​ရား​ဟော 2:27-37 Common Language Bible (BCL)

27. `ကျွန်ုပ်​တို့​အား သင်​၏​ပြည်​ကို​ဖြတ်​သန်း​ခွင့်​ပေး လော့။ ကျွန်ုပ်​တို့​သည် မင်း​ကြီး​၏​ပြည်​ကို​လမ်း​မ ကြီး​အ​တိုင်း​သာ​ဖြတ်​သန်း​သွား​ပါ​မည်။-

28-29. ကျွန်ုပ်​တို့​သည် အ​စာ​ရေ​စာ​ကို​ဝယ်​ယူ​စား​သုံး ပါ​မည်။ ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်​သို့​ရောက်​ရန် ယော်​ဒန်​မြစ် ကို​မ​ကူး​မီ​မင်း​ကြီး​၏​တိုင်း​ပြည်​ကို​ဖြတ်​သန်း ရုံ​ဖြတ်​သန်း​ခွင့်​ပေး​ပါ​လော့။ ဧဒုံ​ပြည်​တွင်​နေ​ထိုင် သော​ဧ​သော​၏​အ​ဆက်​အ​နွယ်​တို့​သည်​လည်း ကောင်း၊ အာ​ရ​ပြည်​တွင်​နေ​ထိုင်​သော​မော​ဘ အ​မျိုး​သား​တို့​သည်​လည်း​ကောင်း ကျွန်ုပ်​တို့ အား​သူ​တို့​၏​ပြည်​ကို​ဖြတ်​သန်း​ခွင့်​ပေး​ခဲ့ ကြ​ပါ​သည်' ဟူ​၍​ငြိမ်း​ချမ်း​ရေး​စ​ကား​ကမ်း လှမ်း​ခဲ့​သည်။''

30. ``သို့​သော်​လည်း​ရှိ​ဟုန်​ဘု​ရင်​သည် ငါ​တို့​အား သူ​၏​ပြည်​ကို​ဖြတ်​သန်း​ခွင့်​မ​ပေး။ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​မင်း ကို​ခေါင်း​မာ​စေ​တော်​မူ​သ​ဖြင့် ငါ​တို့​သည်​သူ့ ကို​တိုက်​ခိုက်​အောင်​မြင်​၍ သူ​၏​ပြည်​ကို​သိမ်း ပိုက်​ကာ​ယ​နေ့​တိုင်​နေ​ထိုင်​လျက်​ရှိ​ကြ​သည်။''

31. ``ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား`ငါ​သည် ရှိ​ဟုန်​ဘု​ရင်​နှင့်​သူ​၏​ပြည်​ကို​သင်​၏​လက်​သို့ အပ်​တော်​မူ​မည်။ သူ​၏​ပြည်​ကို​သိမ်း​ယူ​လော့' ဟု​မိန့်​တော်​မူ​၏။-

32. ရှိ​ဟုန်​ဘု​ရင်​သည်​ငါ​တို့​ကို​တိုက်​ခိုက်​ရန် သူ ၏​စစ်​သည်​ဗိုလ်​ပါ​အ​ပေါင်း​တို့​နှင့်​ယာ​ဟတ် မြို့​အ​နီး​သို့​ချီ​တက်​လာ​ကြ​သည်။-

33. သို့​ရာ​တွင်​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် ထို​မင်း​ကို​ငါ​တို့​၏​လက်​သို့​အပ် သ​ဖြင့် သူ​နှင့်​သူ​၏​သား​များ​နှင့်​တ​ကွ​စစ် သည်​ဗိုလ်​ပါ​အ​ပေါင်း​တို့​ကို သတ်​ဖြတ်​သုတ် သင်​ခဲ့​ကြ​၏။-

34. ထို​အ​ချိန်​၌​ပင်​ငါ​တို့​သည် သူ​တို့​၏​မြို့​အား လုံး​ကို​သိမ်း​ပိုက်​၍​ဖျက်​ဆီး​ကြ​၏။ ယောကျာ်း၊ မိန်း​မ​နှင့်၊ က​လေး​သူ​ငယ်​အား​လုံး​တစ်​ယောက် မ​ကျန်​သတ်​ပစ်​ကြ​၏။-

35. တိ​ရစ္ဆာန်​များ​နှင့်​မြို့​များ​ရှိ​ပစ္စည်း​များ​ကို​ကား သိမ်း​ယူ​ကြ​၏။-

36. ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အာ​နုန်​ချိုင့်​ကမ်း​ပေါ်​ရှိ​အာ​ရော်​မြို့​နှင့်​ချိုင့်​လယ် ရှိ​မြို့​မှ​စ​၍ ဂိလဒ်​မြို့​တိုင်​အောင်​မြို့​ရှိ​သ​မျှ​ကို ငါ​တို့​အား​သိမ်း​ပိုက်​စေ​တော်​မူ​၏။ မည်​သည့်​မြို့ မှ​ငါ​တို့​ကို​မ​ခု​ခံ​နိုင်။-

37. သို့​ရာ​တွင်​အမ္မုန်​အ​မျိုး​သား​တို့​ပြည်၊ ယဗ္ဗုတ် မြစ်​ကမ်း၊ တောင်​ကုန်း​ဒေ​သ​ရှိ​မြို့​များ​နှင့် ငါ တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​မ​သွား ရန်​တား​မြစ်​သော​အ​ရပ်​များ​သို့​ငါ​တို့​မ​ချဉ်း ကပ်​ကြ။''

တ​ရား​ဟော 2