26. ``ထို့နောက်ငါသည်ကေဒမုတ်တောကန္တာရမှ ဟေရှဘုန်ဘုရင်ရှိဟုန်ထံသို့ သံတမန်တို့ ကိုစေလွှတ်လျက်၊-
27. `ကျွန်ုပ်တို့အား သင်၏ပြည်ကိုဖြတ်သန်းခွင့်ပေး လော့။ ကျွန်ုပ်တို့သည် မင်းကြီး၏ပြည်ကိုလမ်းမ ကြီးအတိုင်းသာဖြတ်သန်းသွားပါမည်။-
28-29. ကျွန်ုပ်တို့သည် အစာရေစာကိုဝယ်ယူစားသုံး ပါမည်။ ကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်သို့ရောက်ရန် ယော်ဒန်မြစ် ကိုမကူးမီမင်းကြီး၏တိုင်းပြည်ကိုဖြတ်သန်း ရုံဖြတ်သန်းခွင့်ပေးပါလော့။ ဧဒုံပြည်တွင်နေထိုင် သောဧသော၏အဆက်အနွယ်တို့သည်လည်း ကောင်း၊ အာရပြည်တွင်နေထိုင်သောမောဘ အမျိုးသားတို့သည်လည်းကောင်း ကျွန်ုပ်တို့ အားသူတို့၏ပြည်ကိုဖြတ်သန်းခွင့်ပေးခဲ့ ကြပါသည်' ဟူ၍ငြိမ်းချမ်းရေးစကားကမ်း လှမ်းခဲ့သည်။''
30. ``သို့သော်လည်းရှိဟုန်ဘုရင်သည် ငါတို့အား သူ၏ပြည်ကိုဖြတ်သန်းခွင့်မပေး။ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ထိုမင်း ကိုခေါင်းမာစေတော်မူသဖြင့် ငါတို့သည်သူ့ ကိုတိုက်ခိုက်အောင်မြင်၍ သူ၏ပြည်ကိုသိမ်း ပိုက်ကာယနေ့တိုင်နေထိုင်လျက်ရှိကြသည်။''
31. ``ထို့နောက်ထာဝရဘုရားက ငါ့အား`ငါသည် ရှိဟုန်ဘုရင်နှင့်သူ၏ပြည်ကိုသင်၏လက်သို့ အပ်တော်မူမည်။ သူ၏ပြည်ကိုသိမ်းယူလော့' ဟုမိန့်တော်မူ၏။-
32. ရှိဟုန်ဘုရင်သည်ငါတို့ကိုတိုက်ခိုက်ရန် သူ ၏စစ်သည်ဗိုလ်ပါအပေါင်းတို့နှင့်ယာဟတ် မြို့အနီးသို့ချီတက်လာကြသည်။-
33. သို့ရာတွင်ငါတို့၏ဘုရားသခင်ထာဝရ ဘုရားသည် ထိုမင်းကိုငါတို့၏လက်သို့အပ် သဖြင့် သူနှင့်သူ၏သားများနှင့်တကွစစ် သည်ဗိုလ်ပါအပေါင်းတို့ကို သတ်ဖြတ်သုတ် သင်ခဲ့ကြ၏။-
34. ထိုအချိန်၌ပင်ငါတို့သည် သူတို့၏မြို့အား လုံးကိုသိမ်းပိုက်၍ဖျက်ဆီးကြ၏။ ယောကျာ်း၊ မိန်းမနှင့်၊ ကလေးသူငယ်အားလုံးတစ်ယောက် မကျန်သတ်ပစ်ကြ၏။-