14. ကာဒေရှဗာနာအရပ်မှဇေရက်မြစ်ကိုကူး သည်အထိ နှစ်ပေါင်းသုံးဆယ်ရှစ်နှစ်ကြာခဲ့ သည်။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထိုလူမျိုးဆက်မှစစ်သူရဲအပေါင်းတို့ သည်ကွယ်လွန်ကြလေပြီ။-
15. သူတို့အားတစ်ယောက်မကျန်သေကြေပျက် စီးစေရန် ထာဝရဘုရား၏လက်ရုံးတော် သည်သူတို့တစ်ဘက်၌ရှိတော်မူ၏။''
16. ``စစ်သူရဲအပေါင်းတို့သေဆုံးကုန်ပြီးနောက်၊
17. ထာဝရဘုရားက၊-
18. `ယနေ့တွင်သင်တို့သည် အာရမြို့သို့သွားရာ လမ်းဖြင့် မောဘပြည်ကိုဖြတ်သွားရမည်။-
19. သင်တို့သည်လောတ၏အဆက်အနွယ်များ ဖြစ်သော အမ္မုန်အမျိုးသားတို့နေထိုင်ရာပြည် အနီးသို့ရောက်ရှိကြလိမ့်မည်။ ငါသည်သူ တို့အားပေးထားတော်မူသောပြည်ကို သင် တို့ကိုပေးမည်မဟုတ်သောကြောင့်သူတို့ကို မနှောင့်ယှက်နှင့်၊ စစ်မတိုက်နှင့်' ဟုမိန့်တော် မူ၏။''
20. (ယခင်အခါကရီဖိမ်လူမျိုးနေထိုင်ခဲ့သဖြင့် ထိုပြည်ကိုရီဖိမ်ပြည်ဟူ၍ခေါ်တွင်သည်။ အမ္မုန် အမျိုးသားတို့ကသူတို့ကိုဇံဇုမ္မိမ်ဟူ၍ခေါ် ကြသည်။-