တ​ရား​ဟော 2:13-27 Common Language Bible (BCL)

13. ``ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော် မူ​သည့်​အ​တိုင်း ငါ​တို့​သည်​ဇေ​ရက်​မြစ် ကို​ဖြတ်​ကူး​ကြ​၏။-

14. ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​မှ​ဇေ​ရက်​မြစ်​ကို​ကူး သည်​အ​ထိ နှစ်​ပေါင်း​သုံး​ဆယ်​ရှစ်​နှစ်​ကြာ​ခဲ့ သည်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း ထို​လူ​မျိုး​ဆက်​မှ​စစ်​သူ​ရဲ​အ​ပေါင်း​တို့ သည်​ကွယ်​လွန်​ကြ​လေ​ပြီ။-

15. သူ​တို့​အား​တစ်​ယောက်​မ​ကျန်​သေ​ကြေ​ပျက် စီး​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​၏​လက်​ရုံး​တော် သည်​သူ​တို့​တစ်​ဘက်​၌​ရှိ​တော်​မူ​၏။''

16. ``စစ်​သူ​ရဲ​အ​ပေါင်း​တို့​သေ​ဆုံး​ကုန်​ပြီး​နောက်၊

17. ထာ​ဝ​ရ​ဘု​ရား​က၊-

18. `ယ​နေ့​တွင်​သင်​တို့​သည် အာ​ရ​မြို့​သို့​သွား​ရာ လမ်း​ဖြင့် မော​ဘ​ပြည်​ကို​ဖြတ်​သွား​ရ​မည်။-

19. သင်​တို့​သည်​လောတ​၏​အ​ဆက်​အ​နွယ်​များ ဖြစ်​သော အမ္မုန်​အ​မျိုး​သား​တို့​နေ​ထိုင်​ရာ​ပြည် အ​နီး​သို့​ရောက်​ရှိ​ကြ​လိမ့်​မည်။ ငါ​သည်​သူ တို့​အား​ပေး​ထား​တော်​မူ​သော​ပြည်​ကို သင် တို့​ကို​ပေး​မည်​မ​ဟုတ်​သော​ကြောင့်​သူ​တို့​ကို မ​နှောင့်​ယှက်​နှင့်၊ စစ်​မ​တိုက်​နှင့်' ဟု​မိန့်​တော် မူ​၏။''

20. (ယ​ခင်​အ​ခါ​က​ရီ​ဖိမ်​လူ​မျိုး​နေ​ထိုင်​ခဲ့​သ​ဖြင့် ထို​ပြည်​ကို​ရီ​ဖိမ်​ပြည်​ဟူ​၍​ခေါ်​တွင်​သည်။ အမ္မုန် အ​မျိုး​သား​တို့​က​သူ​တို့​ကို​ဇံ​ဇုမ္မိမ်​ဟူ​၍​ခေါ် ကြ​သည်။-

21. သူ​တို့​သည်​အာ​န​က​လူ​မျိုး​ကဲ့​သို့​အ​ရပ် အ​မောင်း​မြင့်​မား​သည်။ သူ​တို့​သည်​လူ​ဦး​ရေ များ​ပြား​၍ အင်​အား​ကြီး​မား​သော​လူ​မျိုး ဖြစ်​သည်။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အား​ဖယ်​ရှား​လိုက်​သ​ဖြင့် အမ္မုန်​အ​မျိုး သား​တို့​က​သူ​တို့​၏​ပြည်​ကို​သိမ်း​ပိုက်​၍ အ​ခြေ​ချ​နေ​ထိုင်​ကြ​သည်။-

22. ကိုယ်​တော်​သည်​ဧဒုံ​တောင်​ကုန်း​ဒေ​သ​တွင် နေ ထိုင်​သော​ဧ​သော​၏​အ​ဆက်​အ​နွယ်​များ​ဖြစ် သည့်​ဧ​ဒုံ​အ​မျိုး​သား​တို့​အ​တွက်​လည်း ထို နည်း​တူ​ပြု​တော်​မူ​ခဲ့​သည်။ ကိုယ်​တော်​သည် ဟော​ရိ​အ​မျိုး​သား​များ​ကို​ဖယ်​ရှား​လိုက် သ​ဖြင့် ဧ​ဒုံ​အ​မျိုး​သား​တို့​သည်​ထို​သူ တို့​၏​ပြည်​ကို​သိမ်း​ပိုက်​၍ ယ​နေ့​တိုင်​အောင် ထို​ပြည်​၌​အ​ခြေ​ချ​နေ​ထိုင်​လျက်​ရှိ ကြ​သည်။-

23. က​ရေ​တေ​ကျွန်း​သား​တို့​သည်​မြေ​ထဲ ပင်​လယ်​ကမ်း​ခြေ​တွင် အ​ခြေ​ချ​နေ​ထိုင် ကြ​၏။ သူ​တို့​သည်​မူ​လ​နေ​ထိုင်​သူ​အာ​ဝိမ် လူ​မျိုး​ကို​သုတ်​သင်​ဖယ်​ရှား​ပြီး​လျှင် သူ တို့​၏​ပြည်​ကို​တောင်​ဘက်​ဂါ​ဇာ​မြို့​အ​ထိ သိမ်း​ပိုက်​လိုက်​ကြ​သည်။)

24. ``ထာ​ဝ​ရ​ဘု​ရား​က`ယ​ခု​ခ​ရီး​စ​ထွက်​၍ အာ​နုန်​မြစ်​ကို​ကူး​ကြ​လော့။ ငါ​သည်​ဟေ​ရှ ဘုန်​ဘု​ရင်​အာ​မော​ရိ​အ​မျိုး​သား​ရှိ​ဟုန်​နှင့် တ​ကွ သူ​၏​တိုင်း​ပြည်​ကို​သင်​တို့​၏​လက်​သို့ အပ်​မည်။ သူ​၏​နယ်​မြေ​ကို​သိမ်း​ပိုက်​ရန်​စ​တင် ချီ​တက်​တိုက်​ခိုက်​လော့။-

25. ယ​နေ့​တွင်​အ​ရပ်​ရပ်​ရှိ​လူ​အ​ပေါင်း​တို့​သည် သင်​တို့​ကို​ကြောက်​ရွံ့​ထိတ်​လန့်​စေ​ရန်​ငါ​စီ​ရင် မည်။ သင်​တို့​နာ​မည်​ကို​ကြား​ရ​ရုံ​မျှ​နှင့် လူ တိုင်း​ကြောက်​ရွံ့​တုန်​လှုပ်​ကြ​လိမ့်​မည်' ဟု​မိန့် တော်​မူ​၏။''

26. ``ထို့​နောက်​ငါ​သည်​ကေ​ဒ​မုတ်​တော​ကန္တာရ​မှ ဟေ​ရှ​ဘုန်​ဘု​ရင်​ရှိ​ဟုန်​ထံ​သို့ သံ​တ​မန်​တို့ ကို​စေ​လွှတ်​လျက်၊-

27. `ကျွန်ုပ်​တို့​အား သင်​၏​ပြည်​ကို​ဖြတ်​သန်း​ခွင့်​ပေး လော့။ ကျွန်ုပ်​တို့​သည် မင်း​ကြီး​၏​ပြည်​ကို​လမ်း​မ ကြီး​အ​တိုင်း​သာ​ဖြတ်​သန်း​သွား​ပါ​မည်။-

တ​ရား​ဟော 2