1. ငါတို့သည်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းလှည့်၍ အာကာဘာပင်လယ်ကွေ့သို့ဦး တည်လျက် တောကန္တာရထဲသို့ပြန်သွားကြပြီး လျှင် တောင်ကုန်းဒေသဖြစ်သောဧဒုံပြည်တွင် ကြာမြင့်စွာလှည့်လည်နေထိုင်ရကြ၏။-
2. ထိုအခါထာဝရဘုရားကငါ့အား၊
3. `သင်တို့သည်ထိုတောင်ကုန်းဒေသတွင်ကြာ မြင့်စွာလှည့်လည်ခဲ့ကြပြီ၊ မြောက်ဘက်သို့ ခရီးထွက်ကြလော့' ဟုမိန့်တော်မူ၏။-
4. ထို့နောက်ကိုယ်တော်သည် ငါမှတစ်ဆင့်သင်တို့ အားဆင့်ဆိုသည်မှာ`သင်တို့သည်သင်တို့၏ ဆွေမျိုးသားချင်းများဖြစ်သော ဧသော၏ အဆက်အနွယ်များနေထိုင်ရာဧဒုံပြည်ကို ဖြတ်သန်းသွားရတော့မည်။ သူတို့သည်သင် တို့ကိုကြောက်ရွံ့ကြလိမ့်မည်။ ငါသည်သူတို့ ၏မြေတစ်လက်မကိုမျှသင်တို့အားပေး မည်မဟုတ်သောကြောင့်၊-
5. သူတို့ကိုမတိုက်ခိုက်နှင့်။ ငါသည်ဧဒုံပြည် ကိုဧသော၏အဆက်အနွယ်တို့အားအပိုင် ပေးထားပြီ။-
6. သူတို့ထံမှအစာရေစာကိုဝယ်ယူစားသုံး လော့' ဟုညွှန်ကြားတော်မူသည်။''
7. ``သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ပြုခဲ့လေသမျှကိုအဘယ်သို့ကောင်း ချီးပေးတော်မူခဲ့သည်ကို သတိရကြလော့။ ဤကျယ်ပြန့်သောတောကန္တာရကိုလှည့်လည်ဖြတ် သန်းရာခရီး၌ သင်တို့ကိုစောင့်ရှောက်တော်မူ ခဲ့ပြီ။ ကိုယ်တော်သည်နှစ်ပေါင်းလေးဆယ်ပတ် လုံးသင်တို့နှင့်အတူရှိတော်မူသဖြင့် သင် တို့လိုအပ်သမျှကိုရရှိခဲ့ကြပြီ။''
8. ``သို့ဖြစ်၍ငါတို့သည်ဧလပ်မြို့နှင့်ဧဇ ယုန်ဂါဗာမြို့များမှပင်လယ်သေသို့သွား ရာလမ်းမှခွဲထွက်၍ အရှေ့မြောက်ရှိမောဘ ပြည်သို့သွားသောတောကန္တာရလမ်းသို့ခရီး ဆက်ကြသည်။-
9. ထာဝရဘုရားသည်ငါ့အား`လောတ၏အဆက် အနွယ်များဖြစ်သောမောဘပြည်သားတို့ကို မနှောင့်ယှက်ကြနှင့်။ စစ်မတိုက်နှင့်။ ငါသည် သူတို့အားအာရမြို့ကိုအပိုင်ပေးထားပြီ ဖြစ်၍သူတို့၏မြေကိုသင်တို့အားငါမပေး' ဟုမိန့်တော်မူ၏။''
10. (အာရမြို့တွင်ယခင်အခါက အလွန်ထွား ကြိုင်း၍ခွန်အားကြီးသောဧမိမ်လူမျိုးနေ ထိုင်ခဲ့ကြ၏။-
11. သူတို့သည်ထွားကြိုင်းသောအာနကလူကဲ့ သို့ အရပ်အမောင်းမြင့်မားသည်။ အာနကလူ အမျိုးကဲ့သို့သူတို့ကို ရီဖိမ်လူမျိုးဟူ၍ လည်းခေါ်တွင်ကြသည်။ သို့ရာတွင်မောဘ အမျိုးသားတို့က သူတို့အားဧမိမ်လူ မျိုးဟူ၍ခေါ်ကြသည်။-
12. ရှေးအခါကဧဒုံပြည်တွင်ဟောရိအမျိုး သားတို့နေထိုင်ခဲ့ကြသော်လည်း နောင်အခါ ၌ဣသရေလအမျိုးသားတို့သည် ထာဝရ ဘုရားပေးတော်မူသောပြည်မှ ရန်သူများ ကိုမောင်းထုတ်သကဲ့သို့ ဧသော၏အဆက် အနွယ်တို့သည်ထိုသူတို့ကိုမောင်းထုတ် ပြီးလျှင် ထိုအရပ်၌အခြေချနေထိုင် ကြသည်။)