8. ``သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့၏ဘိုးဘေးတို့အားကတိထားတော်မူ သည့်အတိုင်း သင်တို့၏နယ်ကျယ်ပြန့်လာပြီး လျှင် ကတိထားတော်မူသောမြေအားလုံး ကိုအပိုင်ရရှိသောအခါ၊-
9. ခိုလှုံရာမြို့သုံးမြို့ကိုထပ်မံ၍ရွေးချယ်ရ မည်။ သင်တို့သည်ငါယခုမိန့်မှာသမျှကို သင် တို့၏ဘုရားသခင်ထာဝရဘုရားကိုချစ် မြတ်နိုးလျက် ကိုယ်တော်၏သွန်သင်ချက်များ အတိုင်းလိုက်လျှောက်လျှင် ထာဝရဘုရား သည်ထိုပြည်ကိုသင်တို့အားပေးသနား တော်မူလိမ့်မည်။-
10. ဤနည်းအားဖြင့်ထာဝရဘုရားပေးသနား တော်မူမည့်ပြည်တွင် အပြစ်မဲ့သူများအသက် မဆုံးရ။ သင်တို့သည်လည်းအပြစ်မဲ့သူများ ကို သေစေသည့်အပြစ်ကူးလွန်မိမည်မဟုတ်။''
11. ``သို့ရာတွင်လူတစ်ယောက်သည် ရန်သူကိုအငြိုး ထား၍ချောင်းမြောင်းသတ်ဖြတ်ပြီးလျှင် ထိုမြို့ တစ်မြို့သို့ထွက်ပြေးခိုလှုံသည့်အခါ၌မူ ကား၊-
12. သူနေရင်းမြို့မှအကြီးအကဲတို့သည်သူ့ အားခေါ်ဆောင်စေပြီးလျှင် သေဒဏ်ခတ်ရန် သေသူအတွက်လက်စားချေမည့်သူလက် သို့အပ်ရမည်။-
13. သူ့အားမသနားမညှာတာရ။ သင်တို့သည် အေးချမ်းစွာနေထိုင်နိုင်ရန် ဣသရေလလူ မျိုးထဲမှထိုလူသတ်သမားကိုဖယ်ရှားပစ် ရမည်။''
14. ``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူမည့်ပြည်တွင် ရှေးအခါ ကစိုက်ထားသည့်သင်၏အိမ်နီးချင်းပိုင် မြေမှတ်တိုင်ကိုမရွှေ့ရ။''