14. ``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူမည့်ပြည်တွင် ရှေးအခါ ကစိုက်ထားသည့်သင်၏အိမ်နီးချင်းပိုင် မြေမှတ်တိုင်ကိုမရွှေ့ရ။''
15. ``သက်သေတစ်ဦးတည်း၏ထွက်ဆိုချက်ဖြင့် လူတစ်ယောက်အား ပြစ်မှုကူးလွန်သည်ဟု မစီရင်ရ။ အနည်းဆုံးသက်သေနှစ်ဦးရှိ မှလူတစ်ယောက်အား အပြစ်ရှိသည်ဟု ဆုံးဖြတ်ရမည်။-
16. တစ်စုံတစ်ယောက်သောသူသည် အခြားသူ တစ်ယောက်အားပြစ်မှုကူးလွန်သည်ဟူ ၍မတရားစွပ်စွဲလျှင်၊-
17. ထိုသူနှစ်ဦးတို့သည် တစ်ခုတည်းသောကိုး ကွယ်ရာဌာန၌တာဝန်ကျယဇ်ပုရောဟိတ် များနှင့် တရားသူကြီးများထံတွင်အစစ် ခံရမည်။-