20. ငါ၏အခွင့်အာဏာမရဘဲနှင့် လူတို့အား ဆင့်ဆိုသောပရောဖက်သည်လည်းကောင်း၊ အခြားသောဘုရားများ၏အခွင့်အာဏာ ဖြင့် ဆင့်ဆိုသောပရောဖက်သည်လည်းကောင်း သေဒဏ်ခံစေရမည်' ဟုမိန့်တော်မူ၏။''
21. ``ပရောဖက်တစ်ဦးကဆင့်ဆိုသောစကားသည် ထာဝရဘုရားထံတော်မှလာသည်မလာ သည်ကိုသင်တို့သိလိုလိမ့်မည်။-
22. သူဆင့်ဆိုသောစကားအတိုင်းအကောင်အထည် မပေါ်လာလျှင် သူ၏ဆင့်ဆိုချက်သည်ထာဝရ ဘုရားထံတော်မှလာသည်မဟုတ်။ သူသည်မိမိ ၏အခွင့်အာဏာဖြင့်သာဆင့်ဆိုခြင်းဖြစ်၍ သင် တို့သည်သူ့ကိုမကြောက်နှင့်။''