တ​ရား​ဟော 18:1-11 Common Language Bible (BCL)

1. ``ယဇ်​ပု​ရော​ဟိတ်​အ​မျိုး​ဖြစ်​သော​လေဝိ​အ​နွယ် ဝင်​အ​ပေါင်း​တို့​သည် ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​နယ် မြေ​ဝေ​စု​မ​ရ​ရှိ​စေ​ရ။ သို့​ရာ​တွင်​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ပူ​ဇော်​သော​လှူ ဖွယ်​များ​ကို​သုံး​ဆောင်​ကြ​ရ​မည်။-

2. အ​ခြား​သော​အ​မျိုး​သား​ချင်း​တို့​ကဲ့​သို့​ကိုယ် ပိုင်​နယ်​မြေ​မ​ရှိ​ရ။ သူ​တို့​၏​ရ​ပိုင်​ခွင့်​သည် ကား​က​တိ​တော်​ရှိ​သည့်​အ​တိုင်း ထာ​ဝ​ရ ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ရ​သည့် အ​ခွင့်​ထူး​ပေ​တည်း။''

3. ``နွား​သို့​မ​ဟုတ်​သိုး​ကို​ယဇ်​ပူ​ဇော်​သော​အ​ခါ ပ​ခုံး၊ မေး​ရိုး​နှင့်​အ​စာ​အိမ်​ကို​ယဇ်​ပု​ရော ဟိတ်​တို့​အား​ပေး​ရ​မည်။-

4. စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ​နှင့်​သိုး​မွေး​တို့ မှ​အ​ဦး​အ​ဖျား​ဝေ​စု​ကို​လည်း​ပေး​ရ​မည်။-

5. ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​အ​နွယ်​များ ထဲ​မှ​လေ​ဝိ​အ​နွယ်​အား မိ​မိ​၏​အ​မှု​တော် ကို​အ​မြဲ​ဆောင်​ရွက်​ရန်​ရွေး​ကောက်​တော် မူ​၏။''

6. ``ဣ​သ​ရေ​လ​နိုင်​ငံ​ရှိ​မည်​သည့်​မြို့​မှ​မ​ဆို လေ​ဝိ​အ​မျိုး​သား​မည်​သူ​မ​ဆို တစ်​ခု​တည်း သော​ကိုး​ကွယ်​ရာ​ဌာ​န​တော်​သို့​သွား​ရောက်​၍၊-

7. ထို​ဌာ​န​တော်​တွင်​အ​မှု​တော်​ကို​ထမ်း​ဆောင် လျက်​ရှိ​သည့် အ​ခြား​လေဝိ​အမျိုး​သား​များ နည်း​တူ​အ​မှု​တော်​ကို​ထမ်း​ဆောင်​နိုင်​ခွင့်​ရှိ သည်။-

8. သူ​သည်​အ​ခြား​သော​ယဇ်​ပု​ရော​ဟိတ်​များ​ရ ရှိ​သော​အ​စား​အ​စာ​ဝေ​စု​အ​တိုင်း​ရ​ရှိ​ရ မည့်​အ​ပြင် မိ​မိ​၏​မိ​သား​စု​ထံ​မှ​ပေး​ပို့ သ​မျှ​ကို​လည်း​ရ​ယူ​နိုင်​ခွင့်​ရှိ​သည်။''

9. ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​ပြည်​သို့​ရောက်​ရှိ​ကြ သော​အ​ခါ သင်​တို့​သည်​ထို​ပြည်​တွင်​နေ​ထိုင် သည့် လူ​မျိုး​တို့​၏​ရွံ​ရှာ​ဖွယ်​သော​အ​လေ့ အ​ကျင့်​များ​ကို​မ​ကျင့်​ကြ​နှင့်။-

10. သင်​တို့​၏​သား​သ​မီး​များ​ကို​မီး​ရှို့​ရာ​ယဇ် အ​ဖြစ်​မ​ပူ​ဇော်​ရ။ သင်​တို့​သည်​မှော်​အ​တတ်၊ ဗေ​ဒင်​အ​တတ်၊ စုန်း​က​ဝေ​အ​တတ်၊-

11. အင်း​အိုင်​လက်​ဖွဲ့​စီ​ရင်​သည့်​အ​တတ်​နှင့်​သေ သူ​တို့​ထံ မေး​မြန်း​သည့်​အ​တတ်​တို့​ကို​မ​ကျင့် သုံး​ရ။-

တ​ရား​ဟော 18