16. ဘုရင်သည်သူ၏တပ်မတော်အတွက်မြင်း မြောက်မြားစွာမထားရှိစေရ။ ထာဝရ ဘုရားက မိမိ၏လူမျိုးကိုအီဂျစ်ပြည် သို့ပြန်မသွားရဟုအမိန့်တော်ရှိသော ကြောင့် ဘုရင်သည်မြင်းဝယ်ရန်လူများ ကိုထိုပြည်သို့မစေလွှတ်ရ။-
17. ဘုရင်သည်မယားများစွာရှိလျှင် ထာဝရ ဘုရားကိုစွန့်သွားနိုင်သဖြင့် သူ၌မယား များစွာမရှိစေရ။ ရွှေ၊ ငွေလည်းများစွာ မရှိစေရ။-
18. ဘုရင်သည်နန်းတက်သောအခါလေဝိအနွယ် ဝင်ယဇ်ပုရောဟိတ်များထံတွင် ထားရှိသော ဘုရားသခင်၏ပညတ်တော်များနှင့်ဆုံးမ သွန်သင်ချက်များပါရှိသည့် ကျမ်းစာကို မိတ္တူရေးကူးပြီးလျှင်လက်ဝယ်၌ဆောင် ထားစေရမည်။-