1. ``အပြစ်အနာအဆာပါရှိသောနွားထီး၊ သို့မဟုတ်သိုးကိုသင်တို့၏ဘုရားသခင် ထာဝရဘုရားအားမပူဇော်ရ။ ထာဝရ ဘုရားသည်ထိုသို့သောယဇ်ကောင်ကိုရွံရှာ တော်မူ၏။''
2-4. ``အကယ်၍သင်တို့၏မြို့ရွာများတွင် ယောကျာ်း သို့မဟုတ်မိန်းမတစ်ဦးဦးသည် ထာဝရ ဘုရား၏အမိန့်တော်ကိုဆန့်ကျင်လျက် အခြားသောဘုရားများနှင့်နေ၊ လ၊ ကြယ် များကိုဝတ်ပြုကိုးကွယ်သဖြင့် ထာဝရ ဘုရား၏ပဋိညာဉ်ကိုချိုးဖောက်၍ အပြစ် ကူးလွန်ကြောင်းသတင်းကြားမိလျှင်စေ့ စေ့စပ်စပ်စုံစမ်းလော့။ ဣသရေလအမျိုး သားတို့တွင်ထိုစက်ဆုပ်ဖွယ်သောအမှု ပြုသည်ကိုဧကန်သိရသောအခါ၊-
5. ထိုဒုစရိုက်ကူးလွန်သူကိုမြို့ပြင်သို့ထုတ် လျက် ကျောက်ခဲနှင့်ပစ်သတ်ရမည်။-