13. ``သင်တို့သည်ကောက်နယ်တလင်းမှစပါးနှင့် ကျင်းထဲမှစပျစ်သီးများကိုနယ်ပြီးသည့် အခါ သစ်သီးသိမ်းပွဲတော်ကိုခုနစ်ရက် ပတ်လုံးကျင်းပရမည်။-
14. သင်တို့မြို့များတွင်နေထိုင်ကြသောသင်တို့ ၏သားသမီးများ၊ ကျေးကျွန်များ၊ လေဝိ အမျိုးသားများ၊ လူမျိုးခြားများ၊ မိဘမဲ့ ကလေးများ၊ မုဆိုးမများနှင့်အတူတကွ ထိုပွဲတော်ကိုကျင်းပလော့။-
15. သင်တို့ဘုရားသခင်ထာဝရဘုရား၏ဂုဏ် တော်ကို ချီးမွမ်းသည့်ဤပွဲတော်ကိုခုနစ်ရက် တိုင်တိုင်တစ်ခုတည်းသောဝတ်ပြုရာဌာန တော်တွင်ကျင်းပရမည်။ ထာဝရဘုရား ကောင်းချီးပေးတော်မူသဖြင့် သင်တို့သည် အသီးအနှံရိတ်သိမ်းရသောကြောင့်လည်း ကောင်း၊ သင်တို့၏လုပ်ငန်းများအောင်မြင် သောကြောင့်လည်းကောင်းပျော်ပွဲခံကြ လော့။''
16-17. ``သင်တို့၏လူမျိုးထဲမှယောကျာ်းအားလုံး တို့သည်ပသခါပွဲ၊ ကောက်သိမ်းပွဲနှင့်သစ်သီး သိမ်းပွဲကျင်းပရန်တစ်ခုတည်းသောဝတ်ပြု ရာဌာနတော်သို့ တစ်နှစ်လျှင်သုံးကြိမ်လာ ရောက်လျက်ထာဝရဘုရားအားဝတ်ပြု ရမည်။ သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကောင်းချီးပေးတော်မူသည်နှင့် အမျှ လူတိုင်းပူဇော်သကာကိုယူဆောင် ခဲ့ရမည်။''