1. ``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် အဗိဗဟုခေါ်သောလတွင်ညဥ့်အခါ သင်တို့အားအီဂျစ်ပြည်မှကယ်တင်ခဲ့သော ကြောင့် ထိုလတွင်ထာဝရဘုရား၏ဂုဏ်တော် ကိုချီးမွမ်းရန်ပသခါပွဲတော်ကိုကျင်းပ လော့။-
2. သင်တို့သည်ကိုးကွယ်ရာတစ်ခုတည်းသော ဌာနသို့သွား၍ သင်တို့၏ဘုရားသခင် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရန် ထိုဌာနတွင်နွားသို့မဟုတ်သိုးကိုသတ် ၍ပသခါပွဲကိုကျင်းပလော့။-
3. သင်တို့သည်အီဂျစ်ပြည်မှအဆောတလျင် ထွက်ခွာလာခဲ့ရစဉ်က တဆေးမပါသော မုန့်ကိုစားသကဲ့သို့ ပသခါပွဲကိုခံရာတွင် တဆေးမပါသောမုန့်ကိုခုနစ်ရက်တိုင်တိုင် စားရမည်။ သင်တို့သည်ဆင်းရဲဒုက္ခခံရာ အီဂျစ်ပြည်မှထွက်ခွာလာရသောနေ့ကို တစ်သက်လုံးသတိရစေရန် ဆင်းရဲဒုက္ခ တည်းဟူသောတဆေးမပါသောမုန့် ကိုစားကြလော့။-
4. သင်တို့နေထိုင်ရာပြည်တွင် ခုနစ်ရက်ပတ် လုံးမည်သူ၏အိမ်၌မျှတဆေးမရှိစေရ။ ပထမနေ့ညနေတွင်သတ်သောတိရစ္ဆာန်၏ အသားကိုလည်း ညတွင်းချင်းကုန်အောင် စားရမည်။''
16-17. ``သင်တို့၏လူမျိုးထဲမှယောကျာ်းအားလုံး တို့သည်ပသခါပွဲ၊ ကောက်သိမ်းပွဲနှင့်သစ်သီး သိမ်းပွဲကျင်းပရန်တစ်ခုတည်းသောဝတ်ပြု ရာဌာနတော်သို့ တစ်နှစ်လျှင်သုံးကြိမ်လာ ရောက်လျက်ထာဝရဘုရားအားဝတ်ပြု ရမည်။ သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကောင်းချီးပေးတော်မူသည်နှင့် အမျှ လူတိုင်းပူဇော်သကာကိုယူဆောင် ခဲ့ရမည်။''