တ​ရား​ဟော 15:4-5-20 Common Language Bible (BCL)

6. ထာ​ဝ​ရ​ဘု​ရား​သည်​က​တိ​တော်​ရှိ​သည့် အ​တိုင်း သင်​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ သ​ဖြင့် သင်​တို့​သည်​လူ​မျိုး​များ​စွာ​တို့​အား ငွေ​ချေး​ရ​လိမ့်​မည်။ သင်​တို့​က​မူ​ကား​သူ​တို့ ထံ​မှ​ချေး​ငှား​ခြင်း​ပြု​ရ​မည်​မ​ဟုတ်။ သင်​တို့ သည်​လူ​မျိုး​များ​စွာ​တို့​ကို​အုပ်​စိုး​ရ​လိမ့် မည်။ မည်​သည့်​လူ​မျိုး​က​မျှ​သင်​တို့​ကို မ​အုပ်​စိုး​ရ။''

7. ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး သ​နား​တော်​မူ​သော​ပြည်​ရှိ​မြို့​ရွာ​များ​တွင် ဆင်း​ရဲ​နွမ်း​ပါး​သော​ဣ​သ​ရေ​လ​အ​မျိုး သား​ရှိ​လျှင် တစ်​ကိုယ်​ကောင်း​စိတ်​ရှိ​ပြီး ထို​သူ​အား​မ​စ​ရန်​မ​တွန့်​တို​နှင့်။-

8. စေ​တ​နာ​ထား​၍​သူ​လို​သ​မျှ​ကို​ချေး​ငှား လော့။-

9. အ​ကြွေး​ကို​သင်​ပုန်း​ချေ​ပယ်​ဖျက်​ရ​မည့်​နှစ် နီး​လာ​သ​ဖြင့် ထို​သူ​အား​မ​ချေး​ငှား​ဘဲ မ​နေ​နှင့်။ သင်​၌​ထို​ကဲ့​သို့​တွန့်​တို​သော​စိတ် မ​ဝင်​စေ​ရ။ သင်​သည်​သူ့​အား​မ​ချေး​ငှား​လျှင် သူ​သည်​ထာဝရ​ဘုရား​ထံ​တိုင်​တန်း​သ​ဖြင့် သင် သည်​အ​ပြစ်​ကူး​လွန်​ရာ​ရောက်​လိမ့်​မည်။-

တ​ရား​ဟော 15