တ​ရား​ဟော 15:13-23 Common Language Bible (BCL)

13. သူ့​ကို​လွတ်​ခွင့်​ပေး​သော​အ​ခါ လက်​ချည်း သက်​သက်​မ​သွား​စေ​ရ။-

14. ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး​သ​ဖြင့် သင်​တို့ ၌​သိုး၊ စ​ပါး၊ စ​ပျစ်​ရည်​ကြွယ်​ဝ​ချမ်း​သာ​သည့် အ​တိုင်း ယင်း​ပစ္စည်း​မှ​သူ့​အား​ရက်​ရော​စွာ​ပေး ကမ်း​လော့။-

15. သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​ကျွန်​ခံ​ရာ​မှ သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင် တို့​အား​လွတ်​မြောက်​စေ​ခဲ့​ကြောင်း​ကို​သ​တိ ရ​ကြ​လော့။ ထို​အ​ကြောင်း​ကြောင့် ငါ​သည် ယ​ခု​ဤ​ပညတ်​ကို​သင်​တို့​အား​ပေး​၏။''

16. ``သို့​ရာ​တွင်​ကျွန်​သည် သင်​နှင့်​သင်​၏​မိ​သား​စု ကို​ခင်​မင်​၍​ပျော်​ပိုက်​နေ​သ​ဖြင့် အိမ်​မှ​ထွက် မ​သွား​လို​ပါ​ဟု​ဆို​လျှင်၊-

17. သူ့​ကို​အိမ်​တံ​ခါး​သို့​ခေါ်​ဆောင်​ပြီး​နောက် သူ ၏​နား​ကို​စူး​ဖြင့်​ဖောက်​ရ​မည်။ ထို​အ​ခါ​သူ သည်​သင်​ထံ​၌​ရာ​သက်​ပန်​ကျွန်​ခံ​ရ​မည်။ ကျွန်​မိန်း​မ​ကို​လည်း​ထို​နည်း​တူ​ပြု​ရ​မည်။-

18. သင်​သည်​ကျွန်​တစ်​ယောက်​ကို​လွတ်​ခွင့်​ပေး ရာ​၌ စိတ်​အ​နှောင့်​အ​ယှက်​မ​ဖြစ်​စေ​နှင့်။ စင်​စစ်​သူ​သည်​အ​စေ​ခံ​ငှား​ခ​ထက်​ဝက် မျှ​ဖြင့် ခြောက်​နှစ်​ပတ်​လုံး​သင့်​ထံ​၌​ကျွန်​ခံ​ခဲ့​လေ​ပြီ။ ယင်း​သို့​ပြု​လျှင်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ဆောင်​ရွက် သ​မျှ​ကို​ကောင်း​ချီး​ပေး​တော်​မူ​မည်။''

19. ``သင်​တို့​၏​နွား​နှင့်​သိုး​သား​ဦး​ပေါက်​အ​ထီး ဟူ​သ​မျှ​ကို သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အ​တွက်​သီး​သန့်​ထား​ရ​မည်။ နွား​သား ဦး​ပေါက်​များ​ကို​မ​ခိုင်း​စေ​ရ။ သိုး​သား​ဦး ပေါက်​များ​ကို​လည်း​အ​မွေး​မ​ညှပ်​ရ။-

20. နှစ်​စဉ်​သင်​နှင့်​သင်​၏​မိ​သား​စု​တို့​သည် ဘု​ရား ဝတ်​ပြု​ရာ​တစ်​ခု​တည်း​သော​ဌာ​န​တွင်​ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​၌ ထို​နွား​ဦး​ပေါက်​နှင့် သိုး​ဦး​ပေါက်​တို့​၏​အ​သား​ကို​စား​ရ​မည်။-

21. ထို​နွား​နှင့်​သိုး​တို့​တွင်​ခြေ​ဆွံ့​ခြင်း၊ မျက်​စိ​ကန်း ခြင်း၊ သို့​မ​ဟုတ်​အ​ခြား​သော​အ​နာ​အ​ဆာ တစ်​ခု​ခု​ရှိ​လျှင် သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​မ​ပူ​ဇော်​ရ။-

22. ထို​ကဲ့​သို့​သော​တိရစ္ဆာန်​များ​၏​အ​သား​ကို သင် တို့​၏​မြို့​ရွာ​များ​တွင်​စား​နိုင်​သည်။ သင်​တို့​တွင် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​သူ၊ မ​သန့် စင်​သူ​အ​ပေါင်း​တို့​သည်​သ​မင်​သား၊ ဒ​ရယ် သား​ကို​စား​သည့်​နည်း​တူ​ထို​တိ​ရစ္ဆာန်​တို့​၏ အ​သား​ကို​စား​နိုင်​သည်။-

23. သွေး​ကို​မူ​ကား​မ​စား​ရ။ ရေ​ကို​သွန်​သ​ကဲ့ သို့​သွေး​ကို​မြေ​ပေါ်​မှာ​သွန်​ရ​မည်။''

တ​ရား​ဟော 15