တ​ရား​ဟော 14:2-10 Common Language Bible (BCL)

2. ထာ​ဝ​ရ​ဘု​ရား​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး အ​ပေါင်း​တို့​အ​နက် သင်​တို့​အား​မိ​မိ​၏​လူ​မျိုး တော်​အ​ဖြစ်​ရွေး​ကောက်​တော်​မူ​သည်​ဖြစ်​သော ကြောင့် သင်​တို့​ကို​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပိုင်​တော်​မူ​၏။''

3. ``ထာ​ဝ​ရ​ဘု​ရား​က​မ​သန့်​ဟု​သတ်​မှတ်​သော တိ​ရစ္ဆာန်​ဟူ​သ​မျှ​၏​အ​သား​ကို​မ​စား​ရ။-

4. သင်​တို့​စား​နိုင်​သော​တိ​ရစ္ဆာန်​များ​သည်​ကား နွား၊ သိုး၊ ဆိတ်၊-

5. သ​မင်၊ သိုး​ရိုင်း၊ တော​ဆိတ်၊ ဒ​ရယ်​အ​စ​ရှိ​သော၊-

6. ခွာ​ကွဲ​၍​စား​မြုံ့​ပြန်​တတ်​သော​တိရစ္ဆာန်​များ ဖြစ်​၏။-

7. ခွာ​လည်း​မ​ကွဲ၊ စား​မြုံ့​လည်း​မ​ပြန်​သော​တိ​ရစ္ဆာန် များ​ကို​မ​စားရ။ ကု​လား​အုတ်၊ ယုန်၊ ခွေး​တူ​ဝက်​တူ တို့​၏​အ​သား​ကို​မ​စား​ရ။ ဤ​တိ​ရစ္ဆာန်​တို့​သည် စား​မြုံ့​ပြန်​တတ်​သော်​လည်း ခွာ​မ​ကွဲ​သ​ဖြင့် မ​သန့်​သော​တိ​ရစ္ဆာန်​များ​ဟူ​၍​မှတ်​ရ​မည်။-

8. ဝက်​သား​ကို​မ​စား​ရ။ ဝက်​သည်​ခွာ​ကွဲ​သော် လည်း​စား​မြုံ့​မ​ပြန်​သော​ကြောင့် မ​သန့်​သော တိ​ရစ္ဆာန်​ဟူ​၍​မှတ်​ရ​မည်။ တား​မြစ်​ထား​သော ဤ​တိ​ရစ္ဆာန်​တို့​၏​အ​သား​ကို​မ​စား​ရ။ ယင်း တို့​၏​အ​သေ​ကောင်​များ​ကို​ပင်​လျှင်​မ​ကိုင် တွယ်​ရ။

9. ``သင်​တို့​သည်​ဆူး​တောင်​နှင့်​အကြေး​ရှိ​သော ငါး​ဟူ​သ​မျှ​ကို​စား​နိုင်​သည်။-

10. ဆူး​တောင်​နှင့်​အ​ကြေး​မ​ရှိ​သော​ရေ​သတ္တ​ဝါ များ​ကို​မူ​ကား​မ​စား​ရ။ ယင်း​တို့​ကို​မ​သန့် ဟု​မှတ်​ရ​မည်။

တ​ရား​ဟော 14