1. ``သင်တို့သည်သင်တို့ဘုရားသခင်ထာဝရ ဘုရား၏လူမျိုးတော်ဖြစ်သောကြောင့် သေဆုံး သူအတွက်ဝမ်းနည်းကြေကွဲကြသောအခါ ကိုယ်ခန္ဓာကိုကွဲရှပွန်းပဲ့စေခြင်း၊ ဆံဦး စွန်းကိုရိတ်ခြင်းမပြုရ။-
2. ထာဝရဘုရားသည်ကမ္ဘာပေါ်ရှိလူမျိုး အပေါင်းတို့အနက် သင်တို့အားမိမိ၏လူမျိုး တော်အဖြစ်ရွေးကောက်တော်မူသည်ဖြစ်သော ကြောင့် သင်တို့ကိုသင်တို့၏ဘုရားသခင် ထာဝရဘုရားပိုင်တော်မူ၏။''
3. ``ထာဝရဘုရားကမသန့်ဟုသတ်မှတ်သော တိရစ္ဆာန်ဟူသမျှ၏အသားကိုမစားရ။-
4. သင်တို့စားနိုင်သောတိရစ္ဆာန်များသည်ကား နွား၊ သိုး၊ ဆိတ်၊-
5. သမင်၊ သိုးရိုင်း၊ တောဆိတ်၊ ဒရယ်အစရှိသော၊-
6. ခွာကွဲ၍စားမြုံ့ပြန်တတ်သောတိရစ္ဆာန်များ ဖြစ်၏။-
12-18. သင်တို့မစားရသောငှက်များသည်ကားလင်း ယုန်၊ ဇီးကွက်၊ သိမ်းငှက်မျိုး၊ လင်းတ၊ ကျီး၊ ငှက် ကုလားအုတ်၊ ဇင်ယော်၊ ငှက်ကျား၊ ဗျိုင်း၊ ငှက် ကြီးဝံပို၊ တင်ကျီး၊ တောင်သူဘီးငှက်၊ လင်းနို့ စသည်တို့ဖြစ်၏။