4. ထာဝရဘုရား၏ဦးဆောင်မှုကိုခံယူ၍ ကိုယ် တော်ကိုကြောက်ရွံ့ရိုသေလော့။ ကိုယ်တော်၏ ပညတ်တော်တို့ကိုစောင့်ထိန်း၍ စကားတော် ကိုနားထောင်လော့။ ကိုယ်တော်ကိုဝတ်ပြု ကိုးကွယ်၍ ကိုယ်တော်အားသစ္စာရှိလော့။-
5. သင်တို့အားကျွန်ခံရာအီဂျစ်ပြည်မှကယ် တင်တော်မူခဲ့သော ထာဝရဘုရားကိုပုန် ကန်ရန်တိုက်တွန်းသောပရောဖက် သို့မဟုတ် အိပ်မက်ဖတ်တတ်သူကိုသေဒဏ်စီရင်ရမည်။ ထိုသူသည်သင်တို့အား ထာဝရဘုရားမိန့် မှာတော်မူသောအသက်ရှင်ရာလမ်းမှ သွေ ဖည်သွားစေရန်သွေးဆောင်သူဖြစ်သည်။ ယင်းဒုစရိုက်ကို သင်တို့မှဖယ်ရှားပစ်ရန် ထိုသူကိုသေဒဏ်စီရင်ရမည်။''
6. ``သင်၏ညီအစ်ကို၊ သင်၏သားသမီး၊ သင်ချစ် သောဇနီး၊ သင်နှင့်အလွန်ရင်းနှီးသောမိတ်ဆွေ တစ်ဦးဦးကပင်လျှင် သင်နှင့်သင်၏ဘိုးဘေး တို့ယခင်ကဝတ်မပြုမကိုးကွယ်ဘူးသော အခြားဘုရားများကိုဝတ်ပြုကိုးကွယ် ရန်တိတ်တဆိတ်သွေးဆောင်ပေလိမ့်မည်။-
7. သူတို့တစ်ဦးဦးကသင်တို့အနီးအပါး တွင်နေထိုင်သူ သို့မဟုတ်သင်တို့နှင့်ဝေးသော အရပ်တွင်နေထိုင်သူတို့၏ဘုရားများကို ဝတ်ပြုကိုးကွယ်ရန်ဖြားယောင်းပေလိမ့်မည်။-
8. ထိုအခါသင်တို့သည်သူဖြားယောင်းသည့် အတိုင်းမလိုက်လျောနှင့်။ သူပြောသည့်စကား ကိုပင်နားမထောင်နှင့်။ သူ့အားထောက်ထား ညှာတာခြင်းမပြုရ။ အကာအကွယ်မပေးရ။-
9. သူ့ကိုသတ်ပစ်လော့။ သူ့ကိုသေဒဏ်စီရင် ရာတွင် သင်သည်သူ့ကိုအဦးဆုံးကျောက်ခဲ နှင့်ပစ်သူဖြစ်ရမည်။ ထို့နောက်မှအခြား သူများကိုကျောက်ခဲနှင့်ပစ်စေရမည်။-
10. သူ့ကိုကျောက်ခဲနှင့်ပစ်၍သတ်ရမည်။ သင်တို့ အားကျွန်ခံရာအီဂျစ်ပြည်မှကယ်တင်တော် မူခဲ့သော သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုပစ်ပယ်စေရန်သူသည်သွေးဆောင် ခဲ့၏။-
11. ထိုအခါဣသရေလအမျိုးသားအပေါင်း တို့သည် ဤသတင်းကိုကြားရသဖြင့် မည်သူ မျှထိုကဲ့သို့သောဒုစရိုက်ကိုနောက်တစ်ဖန် ကူးလွန်ဝံ့ကြမည်မဟုတ်ချေ။''
12. ``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသော မြို့များတွင်နေထိုင် ကြသောအခါသင်၏အမျိုးသားထဲမှ၊-
13. အခြေမရှိသူအချို့ကတစ်မြို့သားချင်း တို့အား ယခင်ကသူတို့ဝတ်မပြုမကိုး ကွယ်ဘူးသော ဘုရားများကိုဝတ်ပြုကိုး ကွယ်ရန်သွေးဆောင်သည့်သတင်းကိုကြား မိလျှင်၊-
14. သင်တို့သည်စေ့စေ့စပ်စပ်မေးမြန်းစုံစမ်း လော့။ ထိုဒုစရိုက်ကိုဧကန်ပြုကြောင်းစုံ စမ်းသိရှိရသော်၊-
15. ထိုမြို့သူမြို့သားအားလုံးနှင့်သူတို့၏သိုး နွားတိရစ္ဆာန်ရှိသမျှတို့ကို သတ်ဖြတ်သုတ် သင်ပစ်ရမည်။ သူတို့နေထိုင်ရာမြို့ကိုလည်း လုံးဝဖျက်ဆီးပစ်ရမည်။-
16. ထိုမြို့သားတို့ပိုင်သောပစ္စည်းဥစ္စာရှိသမျှတို့ ကို မြို့စျေးကွက်တွင်စုပုံရမည်။ ထို့နောက်မြို့ နှင့်တကွပစ္စည်းရှိသမျှတို့ကို သင်၏ဘုရားသခင်ထာဝရဘုရားအားပူဇော်သကာ အဖြစ်မီးရှို့ရမည်။ ထိုမြို့ကိုအသစ်တစ်ဖန် မတည်မဆောက်ရ။ မြို့ပျက်အဖြစ်အစဉ် တည်ရှိစေရမည်။-