တ​ရား​ဟော 13:13-16 Common Language Bible (BCL)

13. အ​ခြေ​မ​ရှိ​သူ​အ​ချို့​က​တစ်​မြို့​သား​ချင်း တို့​အား ယ​ခင်​က​သူ​တို့​ဝတ်​မ​ပြု​မ​ကိုး ကွယ်​ဘူး​သော ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး ကွယ်​ရန်​သွေး​ဆောင်​သည့်​သ​တင်း​ကို​ကြား မိ​လျှင်၊-

14. သင်​တို့​သည်​စေ့​စေ့​စပ်​စပ်​မေး​မြန်း​စုံ​စမ်း လော့။ ထို​ဒု​စ​ရိုက်​ကို​ဧ​ကန်​ပြု​ကြောင်း​စုံ စမ်း​သိ​ရှိ​ရ​သော်၊-

15. ထို​မြို့​သူ​မြို့​သား​အား​လုံး​နှင့်​သူ​တို့​၏​သိုး နွား​တိ​ရစ္ဆာန်​ရှိ​သ​မျှ​တို့​ကို သတ်​ဖြတ်​သုတ် သင်​ပစ်​ရ​မည်။ သူ​တို့​နေ​ထိုင်​ရာ​မြို့​ကို​လည်း လုံး​ဝ​ဖျက်​ဆီး​ပစ်​ရ​မည်။-

16. ထို​မြို့​သား​တို့​ပိုင်​သော​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​တို့ ကို မြို့​စျေး​ကွက်​တွင်​စု​ပုံ​ရ​မည်။ ထို့​နောက်​မြို့ နှင့်​တ​ကွ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သ​ကာ အ​ဖြစ်​မီး​ရှို့​ရ​မည်။ ထို​မြို့​ကို​အ​သစ်​တစ်​ဖန် မ​တည်​မ​ဆောက်​ရ။ မြို့​ပျက်​အ​ဖြစ်​အ​စဉ် တည်​ရှိ​စေ​ရ​မည်။-

တ​ရား​ဟော 13