1. ``သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရ ဘုရားပေးတော်မူမည့်ပြည်တွင် နေထိုင်သမျှ ကာလပတ်လုံးစောင့်ထိန်းရမည့်ပညတ်တော် များကိုဖော်ပြအံ့။ နားထောင်ကြလော့။-
2. သင်တို့သိမ်းယူမည့်ပြည်တွင်တောင်ထိပ်ပေါ်၊ တောင်ကုန်းပေါ်၊ သစ်စိမ်းပင်အောက်ရှိထိုပြည် သားတို့ကိုးကွယ်ရာဌာနရှိသမျှကိုဖျက် ဆီးပစ်ရမည်။-
3. သူတို့၏ယဇ်ပလ္လင်များကိုဖြိုချ၍ သူတို့၏ ဘုရားကျောက်တိုင်များကိုချိုးဖျက်ရမည်။ သူတို့ကိုးကွယ်သောဘုရားမအာရှရ၏ တံခွန်တိုင်များကိုမီးရှို့ရမည်။ သူတို့၏ ရုပ်တုများကိုခုတ်လှဲဖျက်ဆီးပစ်ရမည်။ ဤနည်းအားဖြင့်ထိုအရပ်များတွင် ယင်း ဘုရားများကိုကိုးကွယ်မှုပပျောက်သွား လိမ့်မည်။-
4. ``သင်တို့၏ဘုရားသခင်ထာဝရဘုရား ကို သူတို့ကိုးကွယ်သည့်နည်းအတိုင်းမကိုး ကွယ်ရ။-
5. ထာဝရဘုရားသည်သင်တို့၏အနွယ်များ နေထိုင်ရာနယ်မြေမှ ရှေ့တော်သို့လူတို့လာ ရောက်ကိုးကွယ်ဝတ်ပြုနိုင်သောဌာနတစ်ခု ကိုရွေးချယ်ပေးတော်မူလိမ့်မည်။-
6. သင်တို့သည်ထိုဌာနတွင် မီးရှို့ရာယဇ်နှင့် အခြားယဇ်ကောင်များ၊ ဆယ်ဖို့တစ်ဖို့နှင့် ပူဇော်သကာများ၊ ထာဝရဘုရားအား ကတိထားသောပူဇော်သကာများ၊ မိမိ စေတနာအလျောက်ပေးလှူသောအလှူများ၊ သင်တို့၏သိုးနွားတို့မှသားဦးပေါက်စသည် တို့များကို ထာဝရဘုရားအားပူဇော် ဆက်သရမည်။-
7. သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အားကောင်းချီးပေးတော်မူသဖြင့် သင် တို့အလုပ်လုပ်၍ရရှိသောအစားအစာများ ကို သင်တို့နှင့်တကွသင်တို့၏မိသားစုများ သည် ထိုဌာနတွင်ကိုယ်တော်၏ရှေ့တော်၌ ပျော်ရွှင်စွာစားရကြမည်။''
8. ``သင်တို့သည်ကတိထားတော်မူသောပြည် သို့ဝင်ရောက်သည့်အခါ ထာဝရဘုရားအား ကိုးကွယ်ရာတွင် ယခင်ကလိုက်နာကျင့်သုံး ခဲ့သည့်နည်းအတိုင်းမကိုးကွယ်နှင့်။ သင်တို့ ၏ဘုရားသခင်ထာဝရဘုရားပေးတော် မူသောပြည်တွင် ငြိမ်းချမ်းစွာနေထိုင်နိုင်သည့် ကာလမရောက်သေးမီ၊-
9. သင်တို့အပေါင်းသည်မိမိနှစ်သက်ရာနည်း ဖြင့် ယနေ့တိုင်အောင်ကိုယ်တော်ကိုကိုးကွယ် လျက်ရှိကြ၏။-