တ​ရား​ဟော 11:7-12 Common Language Bible (BCL)

7. ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အံ့​သြ​ဖွယ်​အ​မှု​တော်​များ​ကို သင်​တို့ ကိုယ်​တိုင်​တွေ့​မြင်​ခဲ့​ရ​ကြ​ပြီ။''

8. ``ယ​နေ့​သင်​တို့​အား​ငါ​မှာ​ကြား​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​လော့။ သို့​မှ​သာ လျှင်​သင်​တို့​သည် တစ်​ဖက်​ကမ်း​ရှိ​ပြည်​ကို​ဝင် ရောက်​သိမ်း​ပိုက်​နိုင်​လိမ့်​မည်။-

9. ထို့​အ​ပြင်​သင်​တို့​၏​ဘိုး​ဘေး​တို့​နှင့်​သူ​တို့ အ​ဆက်​အ​နွယ်​များ​အား​ပေး​မည်​ဟူ​၍ ထာ​ဝ​ရ ဘု​ရား​က​တိ​ထား​တော်​မူ​သော​အ​စာ​ရေ​စာ ပေါ​ကြွယ်​ဝ​သည့်​ပြည်​တွင် သင်​တို့​သည်​ကြာ ရှည်​စွာ နေ​ထိုင်​ရ​ကြ​လိမ့်​မည်။-

10. ယ​ခင်​သင်​တို့​နေ​ထိုင်​ခဲ့​ကြ​သော​အီ​ဂျစ် ပြည်​တွင် သင်​တို့​သည်​လယ်​များ​ထဲ​သို့​ပင်​ပန်း စွာ​ရေ​သွင်း​၍​စ​ပါး​စိုက်​ပျိုး​ရ​ကြ​၏။-

11. သို့​ရာ​တွင်​သင်​တို့​ဝင်​ရောက်​မည့်​ပြည်​သည် ကား​တောင်​များ၊ ချိုင့်​ဝှမ်း​များ​ရှိ​၍​မိုး​ရေ ဖြင့်​စိုက်​ပျိုး​နိုင်​သော​ပြည်၊-

12. သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် တစ်​နှစ်​ပတ်​လုံး​ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ သော​ပြည်​ဖြစ်​သည်။''

တ​ရား​ဟော 11