တ​ရား​ဟော 11:20-32 Common Language Bible (BCL)

20. သင်​တို့​၏​အိမ်​တံ​ခါး​တိုင်​နှင့်​ဝင်း​တံ​ခါး​များ တွင် ယင်း​တို့​ကို​ရေး​ထား​ရ​မည်။-

21. သို့​ပြု​လျှင်​သင်​တို့​နှင့်​သင်​တို့​၏​သား​သ​မီး တို့​သည် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က သင်​တို့ ၏​ဘိုးဘေး​တို့​အား​ပေး​မည်​ဟု​ကတိ​ထား​သော ပြည်​၌​ကြာ​ရှည်​စွာ​နေ​ထိုင်​ရ​လိမ့်​မည်။ မြေ​ပြင် အ​ထက်​မိုး​ကောင်း​ကင်​တည်​ရှိ​သ​မျှ​ကာ​လ ပတ်​လုံး သင်​တို့​သည်​ထို​ပြည်​၌​နေ​ထိုင်​ရ​ကြ လိမ့်​မည်။''

22. ``သင်​တို့​အား​ငါ​မှာ​ကြား​သော​ပ​ညတ်​တော် ရှိ​သ​မျှ​တို့​ကို လိုက်​နာ​ရန်​သ​တိ​ပြု​ကြ​လော့။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​၍ မိန့်​တော်​မူ​သ​မျှ​ကို​လိုက်​လျှောက်​လျက် သစ္စာ​တော်​ကို​စောင့်​လော့။-

23. သို့​မှ​သာ​လျှင်​သင်​တို့​ချီ​တက်​တိုက်​ခိုက်​သော အ​ခါ သင်​တို့​ထက်​ဦး​ရေ​များ​၍​အင်​အား​ကြီး မား​သည့်​လူ​မျိုး​တို့​ကို​ထာ​ဝ​ရ​ဘု​ရား​နှင် ထုတ်​တော်​မူ​သ​ဖြင့် သူ​တို့​၏​ပြည်​ကို​သင် တို့​သိမ်း​ပိုက်​နိုင်​လိမ့်​မည်။-

24. သင်​တို့​ခြေ​နင်း​သ​မျှ​သော​မြေ​ကို​ပိုင်​ရ​လိမ့် မည်။ သင်​တို့​၏​နယ်​မြေ​သည်​တောင်​ဘက်​တော ကန္တာ​ရ​မှ မြောက်​ဘက်​လေ​ဗ​နုန်​တောင်​သို့​တိုင် အောင်​လည်း​ကောင်း၊ အ​ရှေ့​ဘက်​ဥ​ဖ​ရတ်​မြစ် မှ​အ​နောက်​ဘက်​မြေ​ထဲ​ပင်​လယ်​သို့​တိုင်​အောင် လည်း​ကောင်း​ကျယ်​ပြန့်​လိမ့်​မည်။-

25. သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား က​တိ​တော်​ရှိ​သည့်​အ​တိုင်း သင်​တို့​ရောက်​ရာ အ​ရပ်​တွင်​ရှိ​သော​လူ​အ​ပေါင်း​တို့​သည် သင် တို့​ကို​ကြောက်​ရွံ့​ကြ​လိမ့်​မည်။ မည်​သူ​က​မျှ သင်​တို့​ကို​မ​ခု​ခံ​နိုင်။''

26. ``ကောင်းချီး​မင်္ဂလာ​နှင့်​ကျိန်​ခြင်း​တို့​အ​နက် တစ် ခု​ခု​ကို​ယ​နေ့​ရွေး​ယူ​လော့။-

27. ယ​နေ့​ငါ​ပေး​သော​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​များ​ကို သင် တို့​စောင့်​ထိန်း​လျှင်​ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ ရ​မည်။-

28. သို့​ရာ​တွင်​သင်​တို့​သည် ဤ​ပ​ညတ်​တော်​များ ကို​မ​စောင့်​ထိန်း​ဘဲ သင်​တို့​ယ​ခင်​က​မ​ကိုး ကွယ်​ဘူး​သော​အ​ခြား​ဘု​ရား​များ​ကို ကိုး ကွယ်​လျှင်​ကျိန်​ခြင်း​ကို​ခံ​ရ​မည်။-

29. ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​သိမ်း​ပိုက်​မည့် ပြည်​ထဲ​သို့​ပို့​ဆောင်​တော်​မူ​သော​အ​ခါ သင် တို့​သည်​ထို​ကောင်း​ချီး​မင်္ဂ​လာ​ကို​ဂေ​ရ​ဇိမ် တောင်​ပေါ်​မှာ​လည်း​ကောင်း၊ ထို​ကျိန်​ခြင်း​ကို ဧ​ဗ​လ​တောင်​ပေါ်​မှာ​လည်း​ကောင်း​ကြေ​ညာ ရ​ကြ​မည်။-

30. (ဤ​တောင်​နှစ်​လုံး​သည် ယော်​ဒန်​မြစ်​အ​နောက် ဘက်၊ ယော်​ဒန်​မြစ်​ဝှမ်း​တွင်​နေ​ထိုင်​သော ခါ​နာန် အ​မျိုး​သား​တို့​၏​နယ်​မြေ​ထဲ​၌​တည်​ရှိ​သည်။ ယင်း​တောင်​တို့​သည် ဂိ​လ​ဂါ​လ​မြို့​အ​နီး​မော​ရေ သ​ပိတ်​ပင်​များ​နှင့် မ​ဝေး​သော​အ​နောက်​ဘက် တွင်​တည်​ရှိ​၏။-)

31. သင်​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​လျက် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​မည့်​ပြည်​ကို သိမ်း​ပိုက်​ရ​တော့​မည်။ သင်​တို့​သည်​ထို​ပြည် ကို​သိမ်း​ပိုက်​၍​အ​ခြေ​ချ​နေ​ထိုင်​ကြ​သော အ​ခါ၊-

32. သင်​တို့​အား​ငါ​ယ​နေ့​မှာ​ကြား​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို စောင့်​ထိန်း​ရန်​မ​မေ့​ကြ နှင့်။''

တ​ရား​ဟော 11