7. သူတို့သည်ထိုစခန်းမှရုတ်ဂေါဒစခန်းသို့ လည်းကောင်း၊ ထိုမှတစ်ဆင့်စမ်းပေါက်ပေါများ ရာ ယုဟဘသအရပ်သို့လည်းကောင်းခရီး ဆက်ကြ၏။-
8. တောင်ပေါ်တွင်ထာဝရဘုရားသည်လေဝိအမျိုး သားတို့အား ပဋိညာဉ်သေတ္တာတော်ကိုထိန်း သိမ်းရန်လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ ကိုဆောင်ရွက်ရန်လည်းကောင်း၊ ကိုယ်တော်၏ နာမတော်ကိုအမှီပြု၍ ကောင်းချီးမင်္ဂလာ ပေးရန်လည်းကောင်းခန့်ထားတော်မူ၏။ ယနေ့ တိုင်အောင်သူတို့သည်ထိုဝတ္တရားများကို ဆောင်ရွက်လျက်ရှိကြ၏။-
9. ထိုအကြောင်းကြောင့်လေဝိအမျိုးသားတို့ သည်အခြားအမျိုးသားချင်းတို့နည်းတူ နယ်မြေသီးခြားမရခဲ့ကြချေ။ သင်တို့၏ ဘုရားသခင်ထာဝရဘုရား၏ကတိတော် အတိုင်း သူတို့သည်ထာဝရဘုရား၏ယဇ် ပုရောဟိတ်များဖြစ်ရသည့်အခွင့်ထူးကို ရရှိကြလေသည်။)
10. ``ငါသည်ပထမအကြိမ်ကဲ့သို့ တောင်ပေါ် တွင်ရက်ပေါင်းလေးဆယ်ပတ်လုံးနေခဲ့သည်။ သင်တို့အားမသုတ်သင်မဖျက်ဆီးပစ်ရန် ငါတောင်းပန်လျှောက်ထားချက်ကိုထာဝရ ဘုရားသည် ဤတစ်ကြိမ်၌လည်းနားညောင်း လက်ခံတော်မူ၏။-
11. ထို့နောက်သင်တို့၏ဘိုးဘေးတို့အား ပေးမည် ဟုကတိထားတော်မူသောပြည်ကိုချီတက် သိမ်းယူနိုင်ရန် သင်တို့ကိုခေါင်းဆောင်ရမည် ဟုငါ့အားမိန့်တော်မူ၏။''
12. ``အို ဣသရေလအမျိုးသားတို့၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားနှစ်သက်တော် မူသောကျင့်ဝတ်ကားဤသို့တည်း၊ ထာဝရ ဘုရားကိုကြောက်ရွံ့ရိုသေ၍၊-
13. မိန့်တော်မူသမျှကိုလိုက်နာလော့။ ထာဝရ ဘုရားကိုစိတ်နှလုံးအကြွင်းမဲ့ချစ်၍ အမှု တော်ကိုဆောင်ရွက်လော့။ သင်တို့၏ကောင်းကျိုး အလို့ငှာ ယနေ့ငါပေးသောပညတ်အလုံး စုံကိုစောင့်ထိန်းလော့။-
14. ထာဝရဘုရားသည် မိုးကောင်းကင်အထက် ဘဝဂ်ကိုပင်ပိုင်တော်မူ၏။ ကမ္ဘာမြေကြီးနှင့် မြေကြီးပေါ်တွင် ရှိသမျှအရာခပ်သိမ်းတို့ ကိုလည်းပိုင်တော်မူ၏။-