တ​ရား​ဟော 10:7-11 Common Language Bible (BCL)

7. သူ​တို့​သည်​ထို​စ​ခန်း​မှ​ရုတ်​ဂေါ​ဒ​စ​ခန်း​သို့ လည်း​ကောင်း၊ ထို​မှ​တစ်​ဆင့်​စမ်း​ပေါက်​ပေါ​များ ရာ ယု​ဟ​ဘ​သ​အ​ရပ်​သို့​လည်း​ကောင်း​ခ​ရီး ဆက်​ကြ​၏။-

8. တောင်​ပေါ်​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​လေဝိ​အမျိုး သား​တို့​အား ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ထိန်း သိမ်း​ရန်​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ ကို​ဆောင်​ရွက်​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​၏ နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ကောင်း​ချီး​မင်္ဂလာ ပေး​ရန်​လည်း​ကောင်း​ခန့်​ထား​တော်​မူ​၏။ ယ​နေ့ တိုင်​အောင်​သူ​တို့​သည်​ထို​ဝတ္တရား​များ​ကို ဆောင်​ရွက်​လျက်​ရှိ​ကြ​၏။-

9. ထို​အ​ကြောင်း​ကြောင့်​လေ​ဝိ​အ​မျိုး​သား​တို့ သည်​အ​ခြား​အ​မျိုး​သား​ချင်း​တို့​နည်း​တူ နယ်​မြေ​သီး​ခြား​မ​ရ​ခဲ့​ကြ​ချေ။ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​က​တိ​တော် အ​တိုင်း သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ် ပု​ရော​ဟိတ်​များ​ဖြစ်​ရ​သည့်​အ​ခွင့်​ထူး​ကို ရ​ရှိ​ကြ​လေ​သည်။)

10. ``ငါ​သည်​ပ​ထ​မ​အ​ကြိမ်​ကဲ့​သို့ တောင်​ပေါ် တွင်​ရက်​ပေါင်း​လေး​ဆယ်​ပတ်​လုံး​နေ​ခဲ့​သည်။ သင်​တို့​အား​မ​သုတ်​သင်​မ​ဖျက်​ဆီး​ပစ်​ရန် ငါ​တောင်း​ပန်​လျှောက်​ထား​ချက်​ကို​ထာ​ဝ​ရ ဘု​ရား​သည် ဤ​တစ်​ကြိမ်​၌​လည်း​နား​ညောင်း လက်​ခံ​တော်​မူ​၏။-

11. ထို့​နောက်​သင်​တို့​၏​ဘိုး​ဘေး​တို့​အား ပေး​မည် ဟု​က​တိ​ထား​တော်​မူ​သော​ပြည်​ကို​ချီ​တက် သိမ်း​ယူ​နိုင်​ရန် သင်​တို့​ကို​ခေါင်း​ဆောင်​ရ​မည် ဟု​ငါ့​အား​မိန့်​တော်​မူ​၏။''

တ​ရား​ဟော 10