2. သင့်ကြောင့်ကျိုးပဲ့ခဲ့သောကျောက်ပြားများ ပေါ်တွင် ငါရေးခဲ့သောပညတ်တော်များကို ဤ ကျောက်ပြားများပေါ်တွင်ငါရေးမည်။ သင်သည် ထိုကျောက်ပြားများကို သေတ္တာတော်ထဲတွင် ထည့်ထားရမည်' ဟုမိန့်တော်မူ၏။''
3. ``သို့ဖြစ်၍ငါသည် အကာရှသစ်သားဖြင့် သေတ္တာတော်ကိုပြုလုပ်၍ ယခင်ကျောက်ပြား များနှင့်အလားတူကျောက်ပြားနှစ်ပြားကို ခုတ်ပြီးလျှင် ကျောက်ပြားများကိုယူဆောင် လျက်တောင်ပေါ်သို့တက်သွား၏။-
4. ထို့နောက်ထာဝရဘုရားသည် သင်တို့တောင် ခြေတွင်စုရုံးသောနေ့က မီးထဲမှသင်တို့အား မိန့်တော်မူသောပညတ်တော်ဆယ်ပါးကို ယခင် ကျောက်ပြားများပေါ်တွင်ရေးသားတော်မူ သည်အတိုင်း ထိုကျောက်ပြားများပေါ်တွင် ရေးသားတော်မူ၏။ ထာဝရဘုရားသည် ထို ကျောက်ပြားများကိုငါ့အားပေးတော်မူ၏။-
5. ထို့နောက်ငါသည်တောင်ပေါ်မှပြန်ဆင်းခဲ့၏။ ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ငါသည်ထိုကျောက်ပြားများကိုငါပြုလုပ် သောသေတ္တာတော်ထဲတွင်ထည့်ထားသည်ဖြစ် ရာ ထိုကျောက်ပြားများသည်ယနေ့တိုင် အောင်သေတ္တာတော်ထဲ၌ရှိသတည်း။''
6. (ဣသရေလအမျိုးသားတို့သည် ဗင်္ယာကန်ရေ တွင်းမှမောသရုတ်စခန်းသို့ခရီးသွားကြ၏။ အာရုန်သည်ထိုစခန်းတွင်အနိစ္စရောက်သဖြင့် သူ့ အားသင်္ဂြိုဟ်ကြလေသည်။ သူ၏သားဧလာဇာ သည်ဖခင်၏ယဇ်ပုရောဟိတ်အရိုက်အရာ ကိုဆက်ခံလေသည်။-
7. သူတို့သည်ထိုစခန်းမှရုတ်ဂေါဒစခန်းသို့ လည်းကောင်း၊ ထိုမှတစ်ဆင့်စမ်းပေါက်ပေါများ ရာ ယုဟဘသအရပ်သို့လည်းကောင်းခရီး ဆက်ကြ၏။-
8. တောင်ပေါ်တွင်ထာဝရဘုရားသည်လေဝိအမျိုး သားတို့အား ပဋိညာဉ်သေတ္တာတော်ကိုထိန်း သိမ်းရန်လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ ကိုဆောင်ရွက်ရန်လည်းကောင်း၊ ကိုယ်တော်၏ နာမတော်ကိုအမှီပြု၍ ကောင်းချီးမင်္ဂလာ ပေးရန်လည်းကောင်းခန့်ထားတော်မူ၏။ ယနေ့ တိုင်အောင်သူတို့သည်ထိုဝတ္တရားများကို ဆောင်ရွက်လျက်ရှိကြ၏။-
9. ထိုအကြောင်းကြောင့်လေဝိအမျိုးသားတို့ သည်အခြားအမျိုးသားချင်းတို့နည်းတူ နယ်မြေသီးခြားမရခဲ့ကြချေ။ သင်တို့၏ ဘုရားသခင်ထာဝရဘုရား၏ကတိတော် အတိုင်း သူတို့သည်ထာဝရဘုရား၏ယဇ် ပုရောဟိတ်များဖြစ်ရသည့်အခွင့်ထူးကို ရရှိကြလေသည်။)
10. ``ငါသည်ပထမအကြိမ်ကဲ့သို့ တောင်ပေါ် တွင်ရက်ပေါင်းလေးဆယ်ပတ်လုံးနေခဲ့သည်။ သင်တို့အားမသုတ်သင်မဖျက်ဆီးပစ်ရန် ငါတောင်းပန်လျှောက်ထားချက်ကိုထာဝရ ဘုရားသည် ဤတစ်ကြိမ်၌လည်းနားညောင်း လက်ခံတော်မူ၏။-
11. ထို့နောက်သင်တို့၏ဘိုးဘေးတို့အား ပေးမည် ဟုကတိထားတော်မူသောပြည်ကိုချီတက် သိမ်းယူနိုင်ရန် သင်တို့ကိုခေါင်းဆောင်ရမည် ဟုငါ့အားမိန့်တော်မူ၏။''
12. ``အို ဣသရေလအမျိုးသားတို့၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားနှစ်သက်တော် မူသောကျင့်ဝတ်ကားဤသို့တည်း၊ ထာဝရ ဘုရားကိုကြောက်ရွံ့ရိုသေ၍၊-
13. မိန့်တော်မူသမျှကိုလိုက်နာလော့။ ထာဝရ ဘုရားကိုစိတ်နှလုံးအကြွင်းမဲ့ချစ်၍ အမှု တော်ကိုဆောင်ရွက်လော့။ သင်တို့၏ကောင်းကျိုး အလို့ငှာ ယနေ့ငါပေးသောပညတ်အလုံး စုံကိုစောင့်ထိန်းလော့။-
14. ထာဝရဘုရားသည် မိုးကောင်းကင်အထက် ဘဝဂ်ကိုပင်ပိုင်တော်မူ၏။ ကမ္ဘာမြေကြီးနှင့် မြေကြီးပေါ်တွင် ရှိသမျှအရာခပ်သိမ်းတို့ ကိုလည်းပိုင်တော်မူ၏။-
15. သို့သော်လည်းထာဝရဘုရားသည်သင်တို့ ၏ဘိုးဘေးတို့ကိုချစ်ခင်မြတ်နိုးသဖြင့် လူ မျိုးများစွာရှိသည့်အနက်သင်တို့ကိုရွေး ချယ်တော်မူခဲ့ရာ သင်တို့သည်ယနေ့တိုင် အောင်ကိုယ်တော်၏လူမျိုးတော်ဖြစ်ကြ၏။-
16. သို့ဖြစ်သောကြောင့်သင်တို့သည်ယခုမှစ၍ ထာဝရဘုရား၏အမိန့်တော်ကိုနာခံ လျက် ခေါင်းမာသောသဘောကိုပယ်ရှားကြ လော့။-
17. သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဘုရားအပေါင်းတို့နှင့်အရှင်သခင်အပေါင်း တို့၏အထွတ်အထိပ်ဖြစ်တော်မူ၏။ ထာဝရ ဘုရားသည်ကြီးမြတ်၍တန်ခိုးတော်နှင့်ပြည့် စုံသောဘုရား၊ ကြောက်ရွံ့ရိုသေဖွယ်သော ဘုရားဖြစ်တော်မူ၏။ လူကဲ့သို့မျက်နှာ လိုက်ခြင်းတံစိုးလက်ဆောင်စားခြင်းရှိတော် မမူ။-
18. မိဘမဲ့ကလေးများနှင့်မုဆိုးမများသည် တရားမျှတမှုရရှိစေရန်စီရင်တော်မူ၏။ သင်တို့နှင့်အတူတကွနေထိုင်သောလူမျိုး ခြားများကိုချစ်တော်မူသဖြင့် သူတို့၏ စားရေးဝတ်ရေးကိုကြည့်ရှုတော်မူ၏။-
19. သို့ဖြစ်၍လူမျိုးခြားတို့ကိုချစ်ကြလော့။ အဘယ်ကြောင့်ဆိုသော် သင်တို့သည်ယခင် အခါကအီဂျစ်ပြည်တွင်လူမျိုးခြား အဖြစ်နေထိုင်ခဲ့ရဖူးသောကြောင့်ဖြစ်သည်။-