1. ``ထိုအခါထာဝရဘုရားကငါ့အား`ယခင် ကျောက်ပြားကဲ့သို့ကျောက်ပြားနှစ်ချပ်ကိုခုတ် လော့။ ထိုကျောက်ပြားကိုထည့်ရန် သစ်သားသေတ္တာ တော်ကိုလည်းပြုလုပ်လော့။ ထို့နောက်ငါရှိရာ တောင်ပေါ်သို့တက်လာလော့။-
2. သင့်ကြောင့်ကျိုးပဲ့ခဲ့သောကျောက်ပြားများ ပေါ်တွင် ငါရေးခဲ့သောပညတ်တော်များကို ဤ ကျောက်ပြားများပေါ်တွင်ငါရေးမည်။ သင်သည် ထိုကျောက်ပြားများကို သေတ္တာတော်ထဲတွင် ထည့်ထားရမည်' ဟုမိန့်တော်မူ၏။''